''အတူတူနေကြမယ်''
တွေ့ဆုံကြည်နူး
ပျော်ရွှင်မြူး၍
နှစ်ဦးခဏ ခွဲခွါရသော်
ရင်မှာဝေဒနာ
မဖြေသာခက်
ဖြေရာခက်နဲ့
အိပ်စက်ပျော်နိုး
နေ့တိုင်းရှိုးလို့
ချစ်ကြိုးစက်ဝိုင်း
တွယ်ယှက်သိမ်းကာ
ချိန်တိုင်းကြင်နာ
မင်းမေတ္တာကို
ယုယစွာဖြင့်
နှစ်လွှာတစ်ခက်
စွယ်တော်ရွက်လို
တစ်သက်မခွဲနေကြမယ်။
(ညီနန္ဒ)
''ပထမအချိန်''
မေမေဆိုရင်အေးမြသမို့
မေဆိုတဲ့ မေရဲ့တစ်လမှာ
အနာဂတ်အတွက်
မျှော်ကာဆက်ဖို့
မျိုးဆက်လူငယ်
တိုးတက်ကြွယ်
ညီငယ်ညီမအတွက်
မေတ္တာသက်
ကိုယ်သာပင်ပန်း
စိတ်မနွမ်းဘဲ
အပြုံးပန်းသာ
ပန်နေမြဲ...။
စိုးနန္ဒ (ပညာသည်)
''အလွမ်းနဲ့မသေသူ''
နင့်ဘဝအေးမြစေဖို့
နှင်းခတိုင်းငါငိုမယ်
နင်ပြုံးရင်ငါရှုံးတာ
စိတ်ကျေနပ်ပါရဲ့
အတိတ်ကိုကျက်ခြေခတ်
ဖြတ်လိုက်တော့တမင်
နှင်းဝေဖို့ဆိုလာရင်
ကြွေချင်ကြွေ ငါမကြောက်ဘူး
နွေရင်မှာမီးတွေတောက်အောင်
ဒီဇင်ဘာနှင်းတွေအောက်မှာ
နှင်းချောက်အောင်ရှုံး
သြော်... ဒါပေမဲ့
ရင်ဘတ်နှစ်ခုရဲ့ဆန္ဒကို
သေဆုံးစေခဲ့ပေမဲ့
အလွမ်းကိုတော့
ဘယ်တောမှ သေဆုံးစေမှာ
မဟုတ်ဘူးနော်။
(သိန်းငှက်)
''သားတို့သမီးတို့သူငယ်ချင်းတို့ရေ''
ကောင်းဘို့ကျောင်းတော်မှာ
ပညာရင်နို့သောက်စို့ပြီး
စာမေးပွဲတွေဖြေလို့
ကျောင်းကြီးပိတ်ကာ
နွေရာသီအားလပ်ရက်
တခဏတာမှာ
တိုးနီကျောင်းတော်
ဦးပဉ္ဇင်းသံဃာတွေ
ကြီးမူးဖွင့်လစ်သင်ကြားပေးတဲ့
ယဉ်ကျေးမှုသင်တန်းကို
သားတို့သမီးတို့သူငယ်ချင်းတို့
မပျက်ပကွက်တက်ကြပါစို့၊
ယဉ်ကျေးမှုသင်တန်းတက်ကာ
ပထမ ဒုတိယ တတိယ
တန်းငယ် တန်းကြီး
အဆင့်ဆင့်တွေအောင်လို့
ဂုဏ်ထူးကြီးတွေနှင့် ကောင်ဘို့သာသနာရေး
တိုးတက်အောင်မြင်အောင်
သားတို့သမီးတို့ သူငယ်ချင်းတို့
စုပေါင်းဆောင်ရွက်ကြပါစို့...။
(မို့နဒီ)
''ပြုသင့်ပြီ''
ဒို့ပြည်ဒို့ရွာ စည်ကားစွာဖြင့်
ယှဉ်ကာပြုငြား ဘာသာတရားဖြင့်
စည်ကားသိုက်မြိုက် ကျင်းပခိုက်တွင်
အသက်ရှင်ခိုက် ငါပြုထိုက်၏။
''ပုဗ္ဗာစရိယ''
မိနှင့်ဘတို့ မင်းခယောက်ျား
မမေ့ထားနဲ့ အလယ်ဓမ္မ
ဓမ္မမိတ်ဆွေ မမေ့လေနဲ့
ဗုဒ္ဓစစ်မှန် ပြုပြင်တန်၏။
''ဗုဒ္ဓအမွေ''
ရထိုက်ဖွေစွ ပြုသင့်လှ၏
သာသနာရေး ဒို့အရေးမို့
သယ်ပိုးဆောင်ရွက် ဒို့ရွာအတွက်ဝယ်
ပြုသင့်တယ်
ရပ်ရွာရဲ့အခြေအနေ
ကျောင်းကန်ဘုရားမှာနေ
ရှေးဆိုရိုးစကား ရှိခဲ့ပေ၏။
''မိမိပီတိ''
နွေတစ်နွေမှာ ရက်နှစ်ဆယ်သာ
ဇွဲဝီရိယ အားမာန်အပြည့်နှင့်
အခမ်းနားဆုံး နေရာယူလို့
တောင်တန်းတွေ ကာရံထားတဲ့
တိုးနီကျောင်းတော် ပရဝဏ်အတွင်းမှာ
ကျောင်းသားတသိုက် စာအံသံနှင့်
သို့မှတဖန် ကြည့်ပြန်လျင်လည်း
ရွာဦးထိပ်က ဓမ္မာရုံမှာ
ရွာသူရွာသား တပည့်များတို့
ညီညီညာညာ ပျော်ရွှင်စွာနဲ့
တရားဓမ္မ ဆည်းဖူးလေ့လာ
သင်ကြားဆရာ မထေရ်မြတ်အား
ဝမ်းမြောက်ဝမ်းသာ ဂါရဝမှု
ဝန္ဒာပြု၏။
(နီလာ)
''သိမ်းထားပါရစေ''
ရင်တွင်းပေါက်ဖွား
နှလုံးသားဒဏ်ရာ
ဆေးဆရာမဲ့
ဝေးကွာခဲ့လည်း
အံကြိတ်ကာပြုံး
ကွယ်ဝှက်ဦးမယ်
နောင်နှစ်ကယ်သို့။
လွမ်းဝေ
''တို့ရွာအလှ''
ရွက်ဟောင်းကြွေလို့်
ရွက်သစ်ဝေ၏
သစ်ပင်ကလေးတွေ စိမ်းလန်းနေ
စမ်းချောင်းရေသွင်သွင်စီး
ငှက်ကလေးတွေတေးသံငြီး
တောင်တန်းဒေသ ပျော်မွေ့ရာ
စေတီဦးဆီ သွားကြပါ
နှင်းမှုံလေးတွေဖွေးဖွေးကျ
ဒို့ရွာကလေးရဲ့ သဘာဝ။
လယ်ကွင်းထဲက ပျိုးပင်ဟာ
မြောက်လေတိုက်လို့ ယိမ်းနွဲ့လာ
တောင်ကြားထဲကတောပန်းလေး
ယဉ်ကျေးသိမ်မွေ့လှပအေး
ညခါမှာတော့လမင်းဟာ
ထိန်ထိန် ညီးညီးသာ
ကြယ်လ နက္ခတ်တာရာစုံတဲ့ည
ဆန်းကြယ်တဲ့ ဒို့ရွာအလှ။
(ချိုမေ)
''မေ့မေ့မေတ္တာ''
ရင်ဖြစ်နှလုံး အသက်ဆုံးသည့်တိုင်
ခိုင်မြဲမေတ္တာ ဝေဒနာအား
တေးထားမနိုင် အကြိမ်ကြိမ်ဆုတောင်း
သိုးမြတ်လောင်းသော် စိတ်ထောင်းပါစေ
ကိုယ်ကကျေလည်း မလျှော့သောဇွဲနဲ့
ယခုအခါ သင်ကြားပါသည်
အမြဲရွှင်ပြုံး နှလုံးလှစွာ
အဆင့်တွေထား သားရဲ့ရုပ်ရည်
ပီတိဝေဖြာ သဲသက်ခါမျှ
လောကအလှ နှိုင်းယှဉ်မရ၍
မြတ်ဗုဒ္ဓဟောကြား တရားဒေသနာ
လွန်စွာနှိုင်းမရ ဝဋ်ကြွေးပဓာန
ကာယဝေဒနာ မည်ရာပေါင်းစု
ဝန္ဒနာမိုး ရှိခိုးပါနေ
ရှိသမျှအသဲ ကန်တော့ပွဲနှင့်
ယှဉ်တွဲလျှက်ကာ သားမိုက်မှားသည်
ကန်တော့ပါ၏ ကမာဝဋ်ကြွေး
ပြေပါစေသော်..၊
(ပန်းနွေ)
''ကျနော်တို့ရွာ''
ရွာကလေးရဲ့ အဝင်မှာ
ခရေပင်များပေါက်နေတာ
ကျွန်ုပ်တို့ရွာရဲ့စမ်းချောင်းကလေး
စမ်းမြရွှင်လန်း ရေကြည်အေး
တောင်တန်းထိပ်ကစေတီဟာ
သပ္ပါယ် ကြည်ညိုစရာ
ရွာကလေးရဲ့အလယ်မှာတော့
စာသင်ကျောင်းကလေးပေါ့
လယ်ယာစိုက်ပျိုး အသက်မွေးကာ
ရိုးရိုးသားသားရှိကြတာ
ကျွန်ုပ်တို့ရွာရဲ့ အလှူပွဲ
အိုးစည်ဗုံမောင်း နှဲတွေရွှဲ
ကျွန်ုပ်တို့ရွာရဲ့ အလှဟာ
လမင်းကြီးကြောင့် ပိုသာယာ
နေ့အခါမှာတော့ နေမင်းကြီး
ထိန်လင်းတောက်ပြီး
တောပန်းတွေရဲ့အလှဟာ
နီရောင်ကလေးနဲ့ အလှဖြာ
ကျွန်ုပ်တို့ရွာသာယာအေး
တေးငှက်ကလေးတွေ သာယာသီကြွေး။
(နောင်)
''သန္တုဋ္ဌီ''
ဟိုမှာသမုဒ္ဒရာ
ရေများစွာဖြင့် မဟာဘွဲ့ရ
ကြီးကျယ်စွလည်း
မဝတို့ဝမ်း
မငြိမ်းစတမ်း
စမ်းစအိုင်ရေ
ဒို့မြိုင်ဗွေမှာ
တစ်ချွေတစ်စ
သောက်သုံးရလည်း
အေးမြမြေ့ချမ်း
ငြိမ်းစတမ်း။
(နောင်)
''ကျေးဇူးကြီးလှ မိနှင့်ဘ''
ဗြဟ္မာကြီးဟူ မည်ထိုက်သူ
နှစ်ဆူမိနှင့်ဘ မွေးမိဖခင်
ကျေးဇူးရှင်ကို ဘုရားတစ်ဆူ
ဂူတစ်လုံးသွင် စိတ်ကထင်လျက်
ဦးထိပ်တင်ထား ရိုညွတ်တွား၍
လေးကျွန်းထိပ်ခေါင် ချိန်ဆောင်နိုင်လည်း
အတိုင်းမသိ ကျေးဇူးရှိသည်
နှစ်သိန်းလေးသောင်း ပေါင်းသည့်ဤမြေ
စိမ်းရွှေရွှေတွားတွား ဝါးရွက်လားသို့
မပြားပုံဆို တောင်မြင့်မိုရ်လည်း
နွားချိုပေါက်စ ပမာကျ၏
နက်လှစွာရှောင်း သဲချောင်းသမုဒ္ဒရာ
ရေများစွာလည်း ပမာမလောက်
မိုးရေပေါက်သို့ အံ့လောက်စရာ
မိမာတာနှင့် ပီတာအဘ
မြတ်ဂုဏအား အစားအဝတ်
မလွတ်စေရ အခါးအချို
သူတို့ဆိုလည်း ရေပူရေအေး
လိုရာပေး၍ တတ်အားသမျှ
ထိုကိစ္စကို သားကောင်းပီပီ
ပြုနိုင်စေကြောင်း လက်ဆယ်ချောင်းကို
ခေါင်းမှာရွက်တင် တောင်းဆုဆင်လျက်
နိဗ္ဗာန်ရောက်ကြောင်း ထပ်ဆုတောင်း၏။
(မိုး)
ပျော်ရွှင်မြူး၍
နှစ်ဦးခဏ ခွဲခွါရသော်
ရင်မှာဝေဒနာ
မဖြေသာခက်
ဖြေရာခက်နဲ့
အိပ်စက်ပျော်နိုး
နေ့တိုင်းရှိုးလို့
ချစ်ကြိုးစက်ဝိုင်း
တွယ်ယှက်သိမ်းကာ
ချိန်တိုင်းကြင်နာ
မင်းမေတ္တာကို
ယုယစွာဖြင့်
နှစ်လွှာတစ်ခက်
စွယ်တော်ရွက်လို
တစ်သက်မခွဲနေကြမယ်။
(ညီနန္ဒ)
''ပထမအချိန်''
မေမေဆိုရင်အေးမြသမို့
မေဆိုတဲ့ မေရဲ့တစ်လမှာ
အနာဂတ်အတွက်
မျှော်ကာဆက်ဖို့
မျိုးဆက်လူငယ်
တိုးတက်ကြွယ်
ညီငယ်ညီမအတွက်
မေတ္တာသက်
ကိုယ်သာပင်ပန်း
စိတ်မနွမ်းဘဲ
အပြုံးပန်းသာ
ပန်နေမြဲ...။
စိုးနန္ဒ (ပညာသည်)
''အလွမ်းနဲ့မသေသူ''
နင့်ဘဝအေးမြစေဖို့
နှင်းခတိုင်းငါငိုမယ်
နင်ပြုံးရင်ငါရှုံးတာ
စိတ်ကျေနပ်ပါရဲ့
အတိတ်ကိုကျက်ခြေခတ်
ဖြတ်လိုက်တော့တမင်
နှင်းဝေဖို့ဆိုလာရင်
ကြွေချင်ကြွေ ငါမကြောက်ဘူး
နွေရင်မှာမီးတွေတောက်အောင်
ဒီဇင်ဘာနှင်းတွေအောက်မှာ
နှင်းချောက်အောင်ရှုံး
သြော်... ဒါပေမဲ့
ရင်ဘတ်နှစ်ခုရဲ့ဆန္ဒကို
သေဆုံးစေခဲ့ပေမဲ့
အလွမ်းကိုတော့
ဘယ်တောမှ သေဆုံးစေမှာ
မဟုတ်ဘူးနော်။
(သိန်းငှက်)
''သားတို့သမီးတို့သူငယ်ချင်းတို့ရေ''
ကောင်းဘို့ကျောင်းတော်မှာ
ပညာရင်နို့သောက်စို့ပြီး
စာမေးပွဲတွေဖြေလို့
ကျောင်းကြီးပိတ်ကာ
နွေရာသီအားလပ်ရက်
တခဏတာမှာ
တိုးနီကျောင်းတော်
ဦးပဉ္ဇင်းသံဃာတွေ
ကြီးမူးဖွင့်လစ်သင်ကြားပေးတဲ့
ယဉ်ကျေးမှုသင်တန်းကို
သားတို့သမီးတို့သူငယ်ချင်းတို့
မပျက်ပကွက်တက်ကြပါစို့၊
ယဉ်ကျေးမှုသင်တန်းတက်ကာ
ပထမ ဒုတိယ တတိယ
တန်းငယ် တန်းကြီး
အဆင့်ဆင့်တွေအောင်လို့
ဂုဏ်ထူးကြီးတွေနှင့် ကောင်ဘို့သာသနာရေး
တိုးတက်အောင်မြင်အောင်
သားတို့သမီးတို့ သူငယ်ချင်းတို့
စုပေါင်းဆောင်ရွက်ကြပါစို့...။
(မို့နဒီ)
''ပြုသင့်ပြီ''
ဒို့ပြည်ဒို့ရွာ စည်ကားစွာဖြင့်
ယှဉ်ကာပြုငြား ဘာသာတရားဖြင့်
စည်ကားသိုက်မြိုက် ကျင်းပခိုက်တွင်
အသက်ရှင်ခိုက် ငါပြုထိုက်၏။
''ပုဗ္ဗာစရိယ''
မိနှင့်ဘတို့ မင်းခယောက်ျား
မမေ့ထားနဲ့ အလယ်ဓမ္မ
ဓမ္မမိတ်ဆွေ မမေ့လေနဲ့
ဗုဒ္ဓစစ်မှန် ပြုပြင်တန်၏။
''ဗုဒ္ဓအမွေ''
ရထိုက်ဖွေစွ ပြုသင့်လှ၏
သာသနာရေး ဒို့အရေးမို့
သယ်ပိုးဆောင်ရွက် ဒို့ရွာအတွက်ဝယ်
ပြုသင့်တယ်
ရပ်ရွာရဲ့အခြေအနေ
ကျောင်းကန်ဘုရားမှာနေ
ရှေးဆိုရိုးစကား ရှိခဲ့ပေ၏။
''မိမိပီတိ''
နွေတစ်နွေမှာ ရက်နှစ်ဆယ်သာ
ဇွဲဝီရိယ အားမာန်အပြည့်နှင့်
အခမ်းနားဆုံး နေရာယူလို့
တောင်တန်းတွေ ကာရံထားတဲ့
တိုးနီကျောင်းတော် ပရဝဏ်အတွင်းမှာ
ကျောင်းသားတသိုက် စာအံသံနှင့်
သို့မှတဖန် ကြည့်ပြန်လျင်လည်း
ရွာဦးထိပ်က ဓမ္မာရုံမှာ
ရွာသူရွာသား တပည့်များတို့
ညီညီညာညာ ပျော်ရွှင်စွာနဲ့
တရားဓမ္မ ဆည်းဖူးလေ့လာ
သင်ကြားဆရာ မထေရ်မြတ်အား
ဝမ်းမြောက်ဝမ်းသာ ဂါရဝမှု
ဝန္ဒာပြု၏။
(နီလာ)
''သိမ်းထားပါရစေ''
ရင်တွင်းပေါက်ဖွား
နှလုံးသားဒဏ်ရာ
ဆေးဆရာမဲ့
ဝေးကွာခဲ့လည်း
အံကြိတ်ကာပြုံး
ကွယ်ဝှက်ဦးမယ်
နောင်နှစ်ကယ်သို့။
လွမ်းဝေ
''တို့ရွာအလှ''
ရွက်ဟောင်းကြွေလို့်
ရွက်သစ်ဝေ၏
သစ်ပင်ကလေးတွေ စိမ်းလန်းနေ
စမ်းချောင်းရေသွင်သွင်စီး
ငှက်ကလေးတွေတေးသံငြီး
တောင်တန်းဒေသ ပျော်မွေ့ရာ
စေတီဦးဆီ သွားကြပါ
နှင်းမှုံလေးတွေဖွေးဖွေးကျ
ဒို့ရွာကလေးရဲ့ သဘာဝ။
လယ်ကွင်းထဲက ပျိုးပင်ဟာ
မြောက်လေတိုက်လို့ ယိမ်းနွဲ့လာ
တောင်ကြားထဲကတောပန်းလေး
ယဉ်ကျေးသိမ်မွေ့လှပအေး
ညခါမှာတော့လမင်းဟာ
ထိန်ထိန် ညီးညီးသာ
ကြယ်လ နက္ခတ်တာရာစုံတဲ့ည
ဆန်းကြယ်တဲ့ ဒို့ရွာအလှ။
(ချိုမေ)
''မေ့မေ့မေတ္တာ''
ရင်ဖြစ်နှလုံး အသက်ဆုံးသည့်တိုင်
ခိုင်မြဲမေတ္တာ ဝေဒနာအား
တေးထားမနိုင် အကြိမ်ကြိမ်ဆုတောင်း
သိုးမြတ်လောင်းသော် စိတ်ထောင်းပါစေ
ကိုယ်ကကျေလည်း မလျှော့သောဇွဲနဲ့
ယခုအခါ သင်ကြားပါသည်
အမြဲရွှင်ပြုံး နှလုံးလှစွာ
အဆင့်တွေထား သားရဲ့ရုပ်ရည်
ပီတိဝေဖြာ သဲသက်ခါမျှ
လောကအလှ နှိုင်းယှဉ်မရ၍
မြတ်ဗုဒ္ဓဟောကြား တရားဒေသနာ
လွန်စွာနှိုင်းမရ ဝဋ်ကြွေးပဓာန
ကာယဝေဒနာ မည်ရာပေါင်းစု
ဝန္ဒနာမိုး ရှိခိုးပါနေ
ရှိသမျှအသဲ ကန်တော့ပွဲနှင့်
ယှဉ်တွဲလျှက်ကာ သားမိုက်မှားသည်
ကန်တော့ပါ၏ ကမာဝဋ်ကြွေး
ပြေပါစေသော်..၊
(ပန်းနွေ)
''ကျနော်တို့ရွာ''
ရွာကလေးရဲ့ အဝင်မှာ
ခရေပင်များပေါက်နေတာ
ကျွန်ုပ်တို့ရွာရဲ့စမ်းချောင်းကလေး
စမ်းမြရွှင်လန်း ရေကြည်အေး
တောင်တန်းထိပ်ကစေတီဟာ
သပ္ပါယ် ကြည်ညိုစရာ
ရွာကလေးရဲ့အလယ်မှာတော့
စာသင်ကျောင်းကလေးပေါ့
လယ်ယာစိုက်ပျိုး အသက်မွေးကာ
ရိုးရိုးသားသားရှိကြတာ
ကျွန်ုပ်တို့ရွာရဲ့ အလှူပွဲ
အိုးစည်ဗုံမောင်း နှဲတွေရွှဲ
ကျွန်ုပ်တို့ရွာရဲ့ အလှဟာ
လမင်းကြီးကြောင့် ပိုသာယာ
နေ့အခါမှာတော့ နေမင်းကြီး
ထိန်လင်းတောက်ပြီး
တောပန်းတွေရဲ့အလှဟာ
နီရောင်ကလေးနဲ့ အလှဖြာ
ကျွန်ုပ်တို့ရွာသာယာအေး
တေးငှက်ကလေးတွေ သာယာသီကြွေး။
(နောင်)
''သန္တုဋ္ဌီ''
ဟိုမှာသမုဒ္ဒရာ
ရေများစွာဖြင့် မဟာဘွဲ့ရ
ကြီးကျယ်စွလည်း
မဝတို့ဝမ်း
မငြိမ်းစတမ်း
စမ်းစအိုင်ရေ
ဒို့မြိုင်ဗွေမှာ
တစ်ချွေတစ်စ
သောက်သုံးရလည်း
အေးမြမြေ့ချမ်း
ငြိမ်းစတမ်း။
(နောင်)
''ကျေးဇူးကြီးလှ မိနှင့်ဘ''
ဗြဟ္မာကြီးဟူ မည်ထိုက်သူ
နှစ်ဆူမိနှင့်ဘ မွေးမိဖခင်
ကျေးဇူးရှင်ကို ဘုရားတစ်ဆူ
ဂူတစ်လုံးသွင် စိတ်ကထင်လျက်
ဦးထိပ်တင်ထား ရိုညွတ်တွား၍
လေးကျွန်းထိပ်ခေါင် ချိန်ဆောင်နိုင်လည်း
အတိုင်းမသိ ကျေးဇူးရှိသည်
နှစ်သိန်းလေးသောင်း ပေါင်းသည့်ဤမြေ
စိမ်းရွှေရွှေတွားတွား ဝါးရွက်လားသို့
မပြားပုံဆို တောင်မြင့်မိုရ်လည်း
နွားချိုပေါက်စ ပမာကျ၏
နက်လှစွာရှောင်း သဲချောင်းသမုဒ္ဒရာ
ရေများစွာလည်း ပမာမလောက်
မိုးရေပေါက်သို့ အံ့လောက်စရာ
မိမာတာနှင့် ပီတာအဘ
မြတ်ဂုဏအား အစားအဝတ်
မလွတ်စေရ အခါးအချို
သူတို့ဆိုလည်း ရေပူရေအေး
လိုရာပေး၍ တတ်အားသမျှ
ထိုကိစ္စကို သားကောင်းပီပီ
ပြုနိုင်စေကြောင်း လက်ဆယ်ချောင်းကို
ခေါင်းမှာရွက်တင် တောင်းဆုဆင်လျက်
နိဗ္ဗာန်ရောက်ကြောင်း ထပ်ဆုတောင်း၏။
(မိုး)
''ရှေ့ဆက်ရန်''
၁။ ၁၃၇၂-သက္ကရာဇ်ဝယ်
ဆန်းလကဆုန် ကိုးရက်ကြုံမှာ
နေ့မဟာ ရက်မြတ်ထူးတဲ့
ဗုဒ္ဓဟူးနေ့ကွယ် ။
၂။ မောင် ညီမလေးတို့-မှတ်ဖို့ရွယ်
ဆရာအများသင်ပြတယ်
သင်တန်းကွယ် ဘယ်အမည်ရ
ယဉ်ကျေးမှုသင်တန်း မည်ဆိုကြ။
၃။ သုံးပင်လှသစ် ပေါင်းစုတယ်
စည်းလုံးလို့ကွယ် သင်ယူကြ
ညီအစ်ကိုမောင်နှမ သွေးချင်းမျှ...။
၎။ သင်တန်းပြီးလို့စာပွဲဝင်
အစမ်းကြီးနှင့် မြို့နယ်တွင်
အားအင်ထုတ်လို့ ဖြေဆိုထား
ဝမ်းမြောက်ဖွယ်ရာ သူဆိုသား..။
''အဓွန့်ရှည်စေ သာသနာ့အမွေ''
ယခုအခါ
အခြားဘာသာ လွှမ်းမိုးရန်အတွက်
ရပ်တွင်းရွာတွင်း လူထုတွင်း၌
သာသနာဖျက်တွေ ရောက်ရှိလေပြီ
ဤသည်ကိုသိ မြတ်ဗုဒ္ဓ၏
ချစ်သားရဟန်းမြတ် ကျမ်းတတ်တွေက
သာသနာရှေ့ရေး ကြိုကာတွေး၍
အဓွန့်ရှည်စေ သာသနာတွေ
ရည်သန်သမှု သာသနာပြု၏
ယခုသော်ကား
ရဟန်းတော်မြတ် ကျမ်းတတ်တွေက
ကိုယ်သာမစံ ဒုက္ခခံ၍
နောင်လာနောက်သား
လူငယ်များ နားလည်သိရှိ
သာသနာ၏အနှစ်သာရ
လမ်းညွှန်စာချ သင်ပြမှုက
ဗုဒ္ဓဘာသာ သာသနာအတွက်
သာဓု သာဓု သာဓုခေါ်ပါ၏။
ဗုဒ္ဓသာသနာ အဓွန့်ရှည်
ထွန်းကား ပြန့်ပွားပါစေ... ။
(လေညှင်းငယ်)
''တို့နှစ်ယောက်ရဲ့ စည်းတဖက်ခြား''
လွဲချော်ကာ သွားခဲ့ရတဲ့ ငါ့နှလုံးသား ပုံရိပ်တွေထဲမှာ
ဝေးကွာခြင်း တံတိုင်းတွေ အထပ်ထပ် ကာရံပစ်ခဲ့တာ
အိပ်မက်မဟုတ် တကယ်အဖြစ်အပျက် ပါလားလို့
ကိုယ့်ကိုကို လက်မခံရဲခဲ့တာပါ... မာနတွေခဝါချ သိက္ခာကို
မငဲ့ကွက်ဘဲ ပေးဆပ်ခဲ့တာတောင်မှ ပြဇာတ်အပြီး ကန့်လန့်ကာ
ချချိန်မှာတော့ သရော်အပြုံးနှင့် ချန်ရစ်စေခဲ့သူရယ်
ဘာကြောင့်နှလုံးသားကိုမှ စီးချင်းထိုးချင်ရတာလည်း...
အငိုက်မိတဲ့ကိုယ့်နှလုံးသားမှာ လက်သီးပုန်းဒဏ်တွေ အလူးအလဲခံရင်း
လဲကျရှုံးနိမ့်ခဲ့ရပြီ
ပေးဆပ်ခြင်းတစ်ခုနှင့် အဆုံးစွန်ထိ ကိုယ့်မြတ်နိုးခဲ့ပါတယ်
နှလုံးသားနဲ့ ကြိမ်ကြိမ်စတေးခံရဲပါတယ်
ဒါပေမဲ့ နိဂုံးရလဒ်ကတော့ မျက်ရည်တွေကို ပဲ့ကိုင်
ရှုံးနိမ့်ခြင်းတွေပွေ့ အလွမ်းတွေကို ဆောင်ကြဉ်းရင်း အထီးကျန်
လှော်တက်ငယ်တစ်ခုနှင့်အတူ ငါရွက်လွင့်ကျန်ရစ်ခဲ့ရပြီ...
ဒါပေမဲ့ ငါရဲ့မျှော်လင့်ချက်တွေ အိပ်မက်တွေ
အခုဘဝမှာ တကယ်လက်တွေ့ ဖြစ်မလာနိုင်ပေမယ့်
နောင်ဘဝ ဆက်တိုင်းမှာ တို့နှစ်ယောက်ရဲ့
ဆုံစည်းမှုကို မြှားနတ်မောင်အသိအမှတ်ပြုနိုင်ပါစေလို့
ဆန္ဒပြုရင်း လွမ်းခြင်းကင်းသော အချစ်ကိုပိုင်ဆိုင်နိုင်ပါစေ။
လွမ်းသရဖီ
"တက်နေဝန်း၏ရောင်နီဦး"
သာသနာကျိုး ဆင့်သယ်ပိုးမည်
ဒို့မျိုးဂုဏ်ဆောင် တက်နေရောင်သို့
ဗုဒ္ဓဟောာကြား မြတ်တရားနဲ့
မှတ်သားမှတ်ရာ သာသနာကို
အကာအနှစ် ပိုင်းခြားစစ်ဖို့
သည်နှစ်အစပြုခဲ့ပြီ ။
လိမ္မာရေးခြား အကျိုးများအောင်
ကျိုးစားပို့ချ ပထမတွင်
ဗုဒ္ဓဆိုင်ရာ ကျင့်ဘာသာကို
ဦးစွာလူငယ် ပေါင်းခြောက်ဆယ်ကျော်
အဖြေတော်ကို ပို့ခဲ့ပြီ
နောက်နောင်စဉ်လာ ဒေသနာတွင်း
ထင်လင်းထွန်းပေါက် မျိုးဂုဏ်မောက်လို့
ဖူးပွင့်ဝေဆာ ခိုင်လုံးဖြာသို့
မှန်စွာအစ ဆင်ကျင်းပခဲ့
တိုးနီဘွဲ့ရ ဤကျောင်းမှသည်
သစ္စာအလှပြုခဲ့ပြီ။
နီလာ
ဟေမာန်ဆောင်းရဲ့ အလွမ်းချယ်ရီ
ဟေမာန်ရယ်....
နှင်းတွေကျလို့ ချမ်းအေးပေမဲ့
ရင်ထဲပူလောင် နှလုံးသားအပူမီး
လောင်ကျွမ်းနေတယ် ငြိမ်းဖို့ခက်တယ်
တချိန်ကချယ်ရီပွင့် ပျော်ရွှင်စွာ
ကေသာထက်မှာ ဝေဆာလျှက်သာ....
သြော် ခုတော့ ...
ချယ်ရီရယ် အဆွေးပန်းမို့
မပန်ဆင်ပါရစေနဲ့ကွယ်
ဆောင်းအလှရှုခင်းရယ်
ဆွေးအောင်ဖန်ဆင်းလေတယ်
နှလုံးသားမှာ ဟန်ဆောင်အပြုံးနဲ့
မပွင့်လန်းနိုင်တော့ဘူးကွယ်
တောင်တန်းကိုသက်သေပြုလို့
တောင်းဆုဆိုမယ် တစ်သက်လုံး
သစ္စာစောင့်သိဆဲပါလို့
အဆွေးပင်လယ်မှာ အကြင်နာကြာပွင့်တွေ
မပွင့်နိုင်သလို ပျော်ရွှင်စရာ
ကိုယ့်ရဲ့ကမ္ဘာပျက်သုဉ်းသွားပြီ
ဆွေးရတယ် ဟေမာန်ရယ်...။
ဧြဥဥြ ဒ
အထီးကျန်အလွမ်း
အကြည့်တစ်ချက် ရင်မှာစွဲထင်
အပြုံးတစ်ပွင့် ရင်ထဲလှိုက်ဖို
မေ့မရလွန်း ရင်ထဲမွမ်းအောင်
သတိရတယ် အတိတ်က ..သူရယ်
ရင်မှာခံစား အချစ်များကို
တစ်ယောက်ထဲပဲ အထီးကျန်စွာ
လွမ်းနေပါ့မယ် အတိတ်တွေရယ်
ရင်မှာလွမ်းနေ အချစ်တွေလည်း
မင်းမသိတော့ ခက်လှပါရဲ့
ကံစေညွှန်ရာ နှလုံးသားမှာ
ဒဏ်ရာများစွာ ကြိတ်ခံစားရင်း
အပြောခက်ခက် စူးနက်နက်နဲ့
တစ်ယောက်ထဲပဲလွမ်းနေမယ်
မနက်ဖြန်ဆိုတာ
ရှိသ၍...။
လူ့ဘဝ
လူ့ပြည်လူ့ရွာ ရှုပ်ဗွေနောက်နေ
ဒုက္ခများကို သုခလို့ထင်
မျိုးစုံကြုံတွေ့ မသေသေးခင်
ဆင်ခြင်ကင်းမဲ့ တရားမမြင်
ပြေးလွှားလုပ်စား သူဦးငါခင်
လောဘဖုံးလွှမ်း ဝမ်းရေးကိုပင်
ဒေါသဖြစ်ရင် ဆွေမျိုးမထင်
မောဟမီးလွင့် လူ့ပြည်တခွင်တည်း။
ကံမြေပေါ်မှာ ဖြစ်ပေါ်လာကြ
သုံးဖြာကမ္မ မှုကိစ္စအား
ပြုရာတွင်ထင် အာနိသင်ကို
လိုချင်မှန်းဆ မတောင်းတနှင့်
မျှော်ရသည်မှာ နပ်လှပါပြီ။
(ငြိမ်းသက်)
လမ်း
ဟေ့ ... ခေတ်သစ်လူငယ်
ဒို့ဘော်ဒါတွေ ယနေ့ခေတ်က
အပြိုင်အဆိုင် နည်းပညာတွေနဲ့
တိုးတက်နေတဲ့ခေတ်မို့
ငါ့ဘော်ဒါတွေ အိပ်နေလို့မရတော့ဘူး
နိုးထကြလော့..။
စာအုပ်အစုံ လေ့လာကြလို့
ငယ်ငယ်ရွယ်ရွယ် သွက်လက်မြန်ဆန်
သူတစ်နည်း ကိုယ်တစ်ကြံနှင့်
ပေါင်းစုတည်ထွင်
လမ်းသစ်ဖောက်မယ်
ရိုးရိုးသားသား ကြိုးစားလှုပ်ရှား
ငါတို့အချိန်ကို လုလို့
ခရီးဆက်ကြစို့လား။
ကုသိုလ် အကုသိုလ်အကျိုး
လူဖြစ်စဉ်ကား မမြဲ အနိစ္စ
တရားဓမ္မ မပြုကျင့်က
အကုသိုလ်အား ပွားများခဲ့လျှင်
သုံးဆယ့်တစ်ဘုံ အလုံးစုံသော
ငရဲတိရစ္ဆာန် ပြိတ္တာဘုံသို့
ရောက်သည်၌လည်း
မလွဲမသွေ ရောက်မည်ဖြစ်သည်
လူ့ဘဝဖြစ်စဉ် မမြဲအနိစ္စ
သိရှိကမူ ပြုနိုင်မည်လျှင်
တရားဘာဝနာ မြတ်သဒ္ဓါကို
ယုံကြည်အားထား မြတ်တရားကို
အမြဲသတိရ ပြုကျင့်ကြ
ထိုသို့ပြုမှ သံသရာတွင်
မျိုးစေ့ရ၍ သံသရာအဆက်ဆက်
မြတ်တရားကို ပွားများကာ
မြတ်နိဗ္ဗာန်ကို မလွဲမသွေ
ရမည်တကား..။
မွန်းရှိုင်း
နွေအလွမ်း
နွေဦးအခါ ရောက်ခဲ့လေတော့
လေပြည်လေဦး တရှုးရှုးနဲ့
ညင်သာစွာတိုက်ခတ် ဤအဖြစ်ကြောင့်
အဝေးမှာရှိတဲ့ ငယ်ချစ်လေးကို
လွမ်းနေမိတယ် နွေရယ်...
သစ်ရွက်ခြောက်တွေ မြေသို့ကြွေကြ
ကျေးငှက်တွေလည်း သည်လိုပါဘဲ
ပျော်ရွှင်ကြည်နူး တမြူးမြူးနဲ့
သာယာငြိမ့်ညောင်း ဥသြငှက်ကြောင့်
စိတ်ထဲဝမ်းသာ ရွှင်မျက်နှာနဲ့
တနယ်တကျေး အနေဝေးတဲ့
လမင်းဥပမာ ချစ်သူမျက်နှာကို
မြင်ရောင်ရင်းနဲ့ လွမ်းနေမိတယ်
နွေရယ်..။
မွန်းရှိုင်း
ထွန်းတောက်ပြောင်မယ့် လင်းရောင်ကြယ်
ရှမ်းပြည်လို့ခေါ် တိုင်းဌာနပေါ်
ဗုဒ္ဓဒေသနာရောင် ထွန်းလင်းပြောင်၍
ဆက်လက်တည်တံ့ ကြာရှည်ဖို့
အကျွန်ုပ်တို့ ကြိုးပမ်းစို့
အများသိတဲ့ ကောင်းဘို့ခေါ်
ဗုဒ္ဓသာသနာရောင် ထွန်းလင်းပြောင်ကာ
ဆက်လက်ပြန့်ပွား အသိများဖို့
အကျွန်ုပ်တို့ ကြိုးစားစို့။
တိုးနီကျောင်းခေါ် ကျောင်းတိုက်ကြီးပေါ်
ရှင်တော်အများ ဥာဏ်ကွန့်ထား၍
ဟောကြားသင်ပြ တရားဓမ္မ
ယဉ်ကျေးမှုအစ မေးခွန်းလွှာကို
သူတော်အများ ဖြေကြားဖို့ရာ
ရောက်လို့လာ ရွှင်ပြုံးမျက်နှာရှိသည်တကား...။
အန်းဇက်
စိတ်ချင်းညီတဲ့ ဆုတောင်းလွှာ
ကောင်းကင်ပြာပေါ် လှမ်းမျှော်ကြည့်သော်
ပန်းခင်းအလား ကြယ်လေးများတို့
ထွန်းတောက်ပစွာ ရှိလှသည်
ညနေဆည်းဆာ နေဝင်ပြီးခါ
အေးမြသာယာ ကိုယ်စိတ်ကြည်စွာ
သူငါ အများ ညီညွတ်သွား၍
ဆရာသခင် ဗုဒ္ဓဘုရားရှင်၏
သားတော်နှစ်ပါး တရားဓမ္မ သြဝါဒကို
ခံယူဆောက်တည် ကျင့်ဆောင်မည်ဖို့
ကိုယ်စီအပြုံး ပန်ဆင့်ကုံးရင်း
သံသရာရဟတ် ရပ်တန့်ဖို့ရာ
ရည်သန်သမှု အာရုံပြုကြ
နိဗ္ဗာန်ရဖို့ အကြောင်းတည်း။
အန်းကူ
မေ့နှင့်မေ
ခင်အတွက်ဆို ကိုယ်ဟာထီးလေး
စေတနာအေး မေတ္တာအေး
အေးမြစေချင် အစဉ်ပေးအပ်ချင်သူပါ
တကယ်ပါ
တောင်ပံ တစ်စုံသာရှိခဲ့ရင်
ငါ့ရဲ့ဦးတည်ရာအရပ်က မင်းဆီကိုပါ...
အမေ့မေတ္တာ
အသက်ကို ပဓာနမထား
ဝါးဒ ခနဲအသံအကြားမှာ
မာန်ပါပါ အမေ့ရဲ့အပြုံး
လမင်းတစ်ရာရှုံးလောက်တာ
သားသမီးတိုင်းရဲ့မေမေပါ...
အမေ့ရဲ့ ယုယမှု
သည်းချာရင်နှစ် အမေ့အချစ်
အစစ်ကိုပွား ဖဝါးကနှစ်လုံး
ပခုံးလက်နှစ်သစ်ကနေ လူဖြစ်အောင်ကျွေး
ဘေးကင်းစေရန် သဘောအမှန်နဲ့
လောကဓံကို ရင်ဆိုင်ရဲတာ
သားသမီးတိုင်းရဲ့ မေမေပါ...
ပုခက်လွှဲတဲ့ အမေလက်နဲ့
တေးစက်တို့ သီဖွဲ့သံဟာ
စည်းဝါးမပါပေမဲ့ ငြီးမတွားခဲ့တာ
သားသမီးတိုင်းရဲ့မေမေပါ ....။
ရတနာ။
လှမ်းခဲ့စေချင်သည် ရွှေသရက်ဆီ
ရပ်စောက် ကောင်းဘို့ အနောက်မြောက်သို့
ဖိတ်ခေါ်ပါသည် ရွှေသရက်ဆီ
ပျော်စရာကောင်းတဲ့ ဒို့ဌာနီ
ရွှေသရက်လည်းခေါ် သရက်သုံးပင်နော်
လာခဲ့ကြကွယ် ပျော်ရွှင်အေးချမ်းတယ်
ဝတ်မှုံကူးလို့ နှင်းစက်ကျ
မြူနှင်းတွေက ပုလဲလိုလှ
ဒို့ရွာကလေးရဲ့ ပနံရ
ရွာနောက်မှာတဲ့ မြကပလာ
တောင်တန်းကြီးက ဆီးလို့ကာ
ရွာ၏အလယ် ရှုမောဖွယ်
ဆုတောင်းပြည့်တဲ့စေတီရယ်
မုနိထွဋ်ခေါင် မြတ်ညီနောင်
ဦးခိုက်ပါသည် မြတ်စေတီ
ရွှေရောင်ကလေးလည်း ထွန်းခဲ့ပြီ
ရွာရဲ့သတင်းလည်းမွေးပျံ့တယ်
လူပျိုလေးများ ဂျူမုံနှယ်
ဂျူမုံလေးမို့ အရမ်းမိုက်
ပျိုမေရင်၌ခိုက်
ပျိုမေများလည်း လှတာပဲ
အွန်စောလေးလို ရင်မှာစွဲ
စွဲခဲ့လွမ်းခဲ့ပါသည် ရွှေသရက်ဆီ
မပြန်ချင်ဘဲ ပြန်ခဲ့သည်
အိန်ဂျယ်ရာညီညီ
သာဝကများ
ကိုရင်ငစိုး အလွန်ဆိုး
ကိုရင်ငလင်း အလွန်ပျင်း
ကိုရင်သားကြီး အလွန်ဖြီး
ကိုရင်အောင်နိုင်သူ အလွန်မူ
ကိုရင်ငပျော့ အလွန်ဆော့
ကိုရင်ညီလေး အလွန်ငေး
ကိုရင်မိုးဒီ အလွန်ရယ်
ကိုရင်ဖိုးကုတ် အလွန်ရှုပ်
ကိုရင်ဖိုးညိုလုံး အလွန်တုံး
ကိုရင်အောင်ပိုက် အလွန်ငိုက်
ကိုရင်လေးငယ် အလွန်ကျယ်
ကိုရင်ဖိုးကောင်း အလွန်နောင်း
ကိုရင်အောင်ငဲ အလွန်ဆဲ
ကိုရင်ကံကောင်း အလွန်စောင်း
ဒကာကြီးအေး အိမ်သာဆေး
ဟီး ဟီး ဟီးဟီ အလွန်ရယ်ရတယ်ဝေး။
ရင်အေး
ကျနော်တို့ ဌာနေ
ကျနော်တို့တိုးနီကျောင်းကို ရောက်ရင်ဖြင့်
လက်ကမ်းလို့ ကြိုဆိုနေမယ်
ရောက်လာသူအပေါင်းကိုလ
စိတ်ကြည်နူးစေမယ်
မုခ်ဦးကို ဒေါ်မြဋ္ဌေး အလှူရှင်မို့
တောင်ဖက်မှာ ရေကန်းရှိတယ်
မြောက်ဘက်မှာ ဓမ္မာရုံကွယ်
အနောက်ဖက်မှာသိမ်ရှိတယ်
ရောက်လာသူ စိတ်ရွှင်လန်းအောင်
လှမ်လှည့်ပါအမြဲ......။
ဒကာအေး
ပစ္စုပ္ပန်နှလုံးသား
သတ်ပုံမှားတဲ့ငါ့ဘဝကို
မင်းကျက်ခြေခတ်လိုက်တာ
မှန်ကန်မှု တစ်ခုပါပဲ
ကိုယ်နားလည်ပါတယ်.....ရယ်
ချစ်တယ်လို့ပြောရင်တောင်
ကိုယ့်မျှော်လင့်ချက်တွေက
မင်းကိုနုတ်ဆက်နေမှာပါ
နိဒါန်းမပျိုးခင်က ချုပ်ရမည့်နိဂုံးကို
အိမ်မက်လမ်းအဆုံးမှာ တွေ့လိုက်ရတယ်
မင်းကိုယ်မင်း မညှာနိုင်ဘဲနဲ့
မချစ်ဘူးလို့ ပြောလိုက်တာ
မင်းမျက်ဝန်းထဲက မျက်ရည်တစ်စက်
အဲဒါလျှို့ဝှက်ချက်တစ်ခုပါပဲ
ကျောခိုင်းဖို့ ဆုံးဖြတ်လိုက်ပေမဲ့
အပြစ်မရှိဘဲ အနီကတ်တွေ
တစ်ခုပြီးတစ်ခု ထုတ်ပြနေတဲ့
မင်းနုတ်ခမ်းကို ငါလွမ်းတယ်
မိုးမလင်းတော့ဘူးလို့ ထင်နေတဲ့ ငါ့ရင်ဘတ်ကို
သက္ကရာဇ်တွေ ကျော်ဖြတ်သွားတယ်
အချစ်ရယ်....။
သိန်းငှက်
ညမင်းသား
ညနေ (၆းဝဝ)နာရီနှင့် (၇းဝဝ)ဆို ဖေဖေသိမှာကိုကြောက်နေတဲ့
ချာတိတ်လေး ဆိုင်ကယ်တွန်းလို့ပြေး ၊
ဖေဖေခေါ်လျှင် မကြားပေါင် ဟိုနားဒီနားရောင်
ခဏဆိုပြီးပြေးအဝေး ဘယ်လိုကောင်ကလေး
လည်ပြန်တော့လည်း လွန်နေတာ
ညသန်းခေါင်ကျော်ထိပါ...
ဗဟုသုတဘာမျှမရှိ လမ်းမှာဟစ်နေ၏ ။
အပျိုအိမ်သွား၍ လည်နေတာ အဆင်ကဖြင့် ပြေမလာ
ဓာတ်ဆီတစ်ပုံး ဘယ်လိုသုံး ခဏလေးနဲ့ဖြုန်း
ဖေဖေကတော့ ဆူလိုက်ပါ
ညချမ်းတွေတော့ ကျော်လို့လာ
အနောက်စုဆိုတဲ့ရွာကိုသာ ညတိုင်းလည်နေတာ ။
ဟွန်ဒါဆိုတဲ့ဆိုင်ကယ်လေး ဓာတ်ဆီဖိုးကမသေး
အင်ဂျင်ဝိုင်က တစ်ပုံးတွင် တစ်သောင်းခုနှစ်ထောင်ပင်
ဆီဖိုးတွေက မတတ်နိုင်တော့ အစ်မဆီကလုရပေါ့...
ဆီဖိုးအပြင် မုန့်ဖိုးပါ ပို၍လိုလို့လာ
တခါတလေ ဆိုင်ကယ်ပျက် ဇေယျကျော်ဘီးပေါ်တက် ။
တစ်ညသုံးလျှင် နှစ်သောင်းခွဲ ဘယ်ဆီသွားရှာမလဲ ၊
မင်းသားအဖြစ်ဟာ စိတ်ပျက်စရာ အိမ်ကမိသားစုမှာ
ကြာကြာလျှင် တော်တော်ဆိုး နောက်မှနောင်တတိုး... ။
(ရွှန်းအိ)
တွဲလက်
ဝသန်မိုးရဲ့အေးချမ်းလှတဲ့
မိုးစက်ပွင့်တွေ သက်သေထားလို့
ဖြူစင်အချစ်ရင်မှာဖြစ်ခဲ့
မပြယ်သစ္စာ မယိုင်တဲ့မေတ္တာနဲ့
ထာဝရချစ်ခဲ့ကြပြီး
မလိုတဲ့ဘေးစကားကြောင့်
ချစ်တဲ့စိတ်ကို ရင်မှာပိုက်လို့
အလွမ်းသယ်ရင်း မဆုံနိုင်တဲ့
နေရာတစ်ခု မျက်ရည်တွေနဲ့
ကျောခိုင်းခွဲခွါ ဝေးခဲ့ရတယ်
ပေးခဲ့ဖူးတဲ့ ကတိစကားတွေ
ရင်ခုန်ခဲ့တဲ့ အနမ်းလေးတွေ
ပြောခဲ့ဖူးတဲ့ အချစ်စကားတွေ
ရင်မှာသိမ်းဆည်း ဆုံဆည်းရက်ကို
ထာဝရမျှော်မှန်း ဆုတောင်းကြစို့
မင်းနှင့်တွေ့မှ အချစ်ဆိုတာ
သိခဲ့ရတဲ့ကိုယ့်အတွက်
အလွမ်းဆိုတာ မခံစားရဲလို့ပါ
နွေဦးရောက်လို့ သစ်ရွက်ကြွေတိုင်း
ရေကန်ရဲဘေး အတူထိုင်ခဲ့တဲ့
ခုံတန်းလျားလေး အခုချိန်မှာ
ဒို့တစ်ယောက်တည်း အထီးကျန်လို့
ဆွေးရပြီပေါ့
စိတ်အားငယ်လို့ အဖေါ်မဲ့နေချိန်
အနားနားလာပြီး အားပေးစကား
နှစ်သိမ့်တတ်တဲ့ ချစ်သူစကား
ပြန်လည်တမ်းတ ကြားနေမိတယ်
ရေခြားမြေခြား ကမ္ဘာခြားလည်း
တစ်ယောက်ဆို တစ်ယောက်
မပြောင်းလဲဘဲ
ထာဝရအစဉ်သာ ချစ်နေမှာပါ
လရောင်တွေ မရှိပေမဲ့
ကြယ်တာရာရဲ့ ခြေရာလေးတွေ
အခိုက်အတန့် တွေ့နေရသလို
ငါ့အနားမှာ မင်းမရှိပေမဲ့
မင်းထားခဲ့တဲ့ ကြင်နာခြင်းတွေ
အလွမ်းရောင် အငွေ့သက်တွေ
ဘယ်တော့မှ လွင့်စင်မသွားဘူး
ဓနဂုဏ်တွေနဲ့ပြည့်နှက်နေတဲ့
အသိုင်းဝိုင်းကြား အချစ်တွေကို
မပျောက်ပျက်အောင် မင်းနဲ့ ငါ့ရဲ့
ခိုင်မြဲလက်တွေ တွဲရင်းနဲ့သာ
ခါးသည်းနေ့တွေ ကုန်လွန်ပြီး
ထွန်းတောက်ပတဲ့နေ့လေး တစ်နေ့
ပိုင်ဆိုင်ရမယ့် အချိန်ရောက်ခဲ့ရင်
အရင်လိုဘဲ မပြောင်းလဲတဲ့
အချစ်တွေနဲ့ ထာဝရအဆက်ဆက်
လက်တွဲသွား ကြမယ်
ချစ်သူရယ်...၊
(စိုးတိမ်လွှာ)
နှောင့်ယှက်သူ
ကဗျာတစ်ပုဒ် ထုတ်မည်ပြုသော်
အာရုံလာမည် စိတ်ကရည်၏
စာရွက်ကိုဖြန့် ဖောင်တိန်ချကာ
ရေးမည်ပြုသော် ချေးပတိုးအော်၍
ချော်ပတဲ့ ကဗျာအာဘော်
ဇာတ်လမ်းမရောက် စိတ်ကောက်ပြန်သည်
ရေးလည်းမမြောက် စိတ်ဖောက်ပြန်မည်
ရေးဖို့ တစ်ဖန် ပြုဖို့မကျန် မရှိပြန်၍
အိပ်ရာခွင်သို့ ကြိတ်ကာဝင်ခဲ့မိလေသည်..။
(အိပ်မက်)
ပန်းတိုင်
ယဉ်ကျေးမှုသင်တန်း
စလှမ်းဖွင့်လှစ် ပထမနှစ်တွင်
လူငယ်အများ စာသင်သားတို့
စာဖြေမည်ဟု ထင်ထားစိတ်မှာ
ဆရာသာ၏
သို့ပြီးတစ်ခါ စာဖြေသော်ကား
ဆယ့်သုံးယောက်သာ ဟုတ်တိပတ်တိ
ကျန်သူရှိ၏
ပထမနှစ်ကျန်ရစ်သူသည်
ကိုယ့်ထက်ငယ်ကား ကျော်လွှားနိုင်မည်
ခုမှသော်ကား ကြီးစွာနောင်တ
စိတ်မှာရသည်
အောင်ဆုထူးကြီး ငတ်ပေသကိုး..၊
(ခွန်နေခြည်ရှိန်း)
အိပ်မက်လှလှ
အေးစက်ချမ်းမြေ့စွာအပြစ်ကင်းဆဲ
ခိုင်မြဲခြင်းအတွက် လက်နှစ်စုံ
အဖြူရောင်ရင်ခုန်သံများ
ရှင်းသန့်တဲ့ နှလုံးသားနှင့်သူ
ဝင်းပကြည်ဖြူစွာ ပြုံးလို့
နှစ်ဦးသားရဲ့ တွေဆုံမှုတိုင်းမှာ
အပြုံးလေးက ဇာတ်ဝင်တေးတစ်ပုဒ်အဖြစ်
စိမ်းပျိုနုသစ်စွာ ပါဝင်မြဲပါ၊
အိပ်မက်တိုင်းမှာ သူအကြောင်းတွေ
စိတ်ကူးရွက်လှေ ကြည်နူးပျော်ရွှင်နေ ၊
သဘာဝရဲ့ စည်းတစ်ခုအောက်မှာ
နောက်ဆုံးမျှော်လင့်ချက်နှင့်
အိပ်မက်တစ်ပုဒ်မက်နေမိတယ် ၊
နိုးမထချင်ဘူး ကို ရယ်
မရိုးသားစွာ အကြင်နာပိုခဲ့မိတာတွေ
တစစီပြိုကွဲသွားမဲ့ မနက်ခင်းကို
မလိုချင်လို့အိပ်မက်လှလှ သူ့ကမ္ဘာထဲ
မွေ့ လျော်ပျော်ပါရစေ .....။
(ချစ်)
သံသယ
တွယ်တာနှောင်ရစ်
ဒီအချစ်တွေ ၊
ကြည်နူးသာယာ
ဒီမေတ္တာတွေ ၊
မမေ့နိုင်ဆုံး
ဒီအပြုံးတွေနဲ့ ၊
ကံကြမ္မာမပေးတဲ့
တို့နှစ်ယောက် ၊
သံသယအတွေးနဲ့
ဝေးရမှာကြောက်တယ်...။
(သီဟနိုင်)
နွေနှင့်အတူ
အို...နွေရာသီ
ပူလောင်မြိုက်မြိုက်
တရှိုက်ရှိုက်ကြွေ
သစ်ရွက်မြေသို့
ဝဲယာကူးဆက်
မနင်းရက်ဘူး
သင်နှင့်ထပ်တူ
ကိုယ့်လိုလူလည်း
နှလုံးသားသစ်ပင်
ထက်ဝေဟင်မှ
အလွမ်းရွက်ကြမ်း
အုံ့ပုန်းပန်းတို့
မင်းလာမဲ့ဘက်
မျှော်ကာယှက်ထွေး
တိတ်တိတ်ကလေး
ကြိတ်မိတ်ဆွေးကာ
ကြွေနေသေးရဲ့....
(လွင်ပြင်)
ဆယ်စုနှစ်ကျော်
အချိန်ကာလ နှိုင်းမရတဲ့
ဆယ်စုနှစ်ကျော် ခြောက်နှစ်ကျော်မှာ
ဘုန်းတော်အနန္ဒ နှိုင်းမရတဲ့
ငယ်ဆရာကျေးဇူး မမေ့ဖူးလို့
ရပ်ရွာမှာဆို ရပ်မိရပ်ဖ
မေတ္တာကလဲ တထပ်တည်းမို့
ကျေးဇူးဆိုတာ မမေ့ရာဘူး
ဆပ်ချိန်ကြိုလည်း ပြုံးပြုံးဘဲမို့
လက်တွဲညီညာ ရှေ့ဆက်ရာ၏။
မောင်သာရ(ပညာသည်)
ရင်တွင်းဖြစ်
မင်းလေးဆီကိုလာချင်ပေမယ့်လည်း
စိတ်ပဲရှိတာမို့ မင်းကိုလည်း အပြစ်မတင်
အချစ်ကိုလည်း အပြစ်မမြင်
ပြန်ဆုံနိုင်မယ့် နေ့လေးကိုပဲ
လွမ်းတသသနှင့် စောင့်မျှော်နေဆဲပါ
ချစ်သူ
၁ သက်မှာ
၂ လုံးသားကို
၃ စားခဲ့တယ်
၎ လံလွန်းတဲ့
၅ ရဲ့စိတ်တွေ
၆ ကပ်နေချိန်
၇ စင်းသောမြစ်ရေပြင်ဟာ တို့ရဲ့မျက်ရည်တွေပေါ့
၈ သူနှင့်ဝေးကွာနေချိန်
၉ ယို ကားယားဖြစ်နေတဲ့ တို့ရဲ့စိတ်ကို
၁ဝ ယူလိုက်ပါ တို့အနားမှာချန်မထားပါနဲ့
နှစ်လွှာတွယ်ယှက်
စွယ်တော်ရွက်လို
ဆယ်သက်ဆယ်ကမ္ဘာ
မခွဲခွါဘဲ ကြင်နာအသဲ
တို့ရင်ထဲမှာ အစဉ်အမြဲ
ချစ်နေဆဲပါ...ချစ်သူ
(နိုရာစိုး)
၁။ ၁၃၇၂-သက္ကရာဇ်ဝယ်
ဆန်းလကဆုန် ကိုးရက်ကြုံမှာ
နေ့မဟာ ရက်မြတ်ထူးတဲ့
ဗုဒ္ဓဟူးနေ့ကွယ် ။
၂။ မောင် ညီမလေးတို့-မှတ်ဖို့ရွယ်
ဆရာအများသင်ပြတယ်
သင်တန်းကွယ် ဘယ်အမည်ရ
ယဉ်ကျေးမှုသင်တန်း မည်ဆိုကြ။
၃။ သုံးပင်လှသစ် ပေါင်းစုတယ်
စည်းလုံးလို့ကွယ် သင်ယူကြ
ညီအစ်ကိုမောင်နှမ သွေးချင်းမျှ...။
၎။ သင်တန်းပြီးလို့စာပွဲဝင်
အစမ်းကြီးနှင့် မြို့နယ်တွင်
အားအင်ထုတ်လို့ ဖြေဆိုထား
ဝမ်းမြောက်ဖွယ်ရာ သူဆိုသား..။
''အဓွန့်ရှည်စေ သာသနာ့အမွေ''
ယခုအခါ
အခြားဘာသာ လွှမ်းမိုးရန်အတွက်
ရပ်တွင်းရွာတွင်း လူထုတွင်း၌
သာသနာဖျက်တွေ ရောက်ရှိလေပြီ
ဤသည်ကိုသိ မြတ်ဗုဒ္ဓ၏
ချစ်သားရဟန်းမြတ် ကျမ်းတတ်တွေက
သာသနာရှေ့ရေး ကြိုကာတွေး၍
အဓွန့်ရှည်စေ သာသနာတွေ
ရည်သန်သမှု သာသနာပြု၏
ယခုသော်ကား
ရဟန်းတော်မြတ် ကျမ်းတတ်တွေက
ကိုယ်သာမစံ ဒုက္ခခံ၍
နောင်လာနောက်သား
လူငယ်များ နားလည်သိရှိ
သာသနာ၏အနှစ်သာရ
လမ်းညွှန်စာချ သင်ပြမှုက
ဗုဒ္ဓဘာသာ သာသနာအတွက်
သာဓု သာဓု သာဓုခေါ်ပါ၏။
ဗုဒ္ဓသာသနာ အဓွန့်ရှည်
ထွန်းကား ပြန့်ပွားပါစေ... ။
(လေညှင်းငယ်)
''တို့နှစ်ယောက်ရဲ့ စည်းတဖက်ခြား''
လွဲချော်ကာ သွားခဲ့ရတဲ့ ငါ့နှလုံးသား ပုံရိပ်တွေထဲမှာ
ဝေးကွာခြင်း တံတိုင်းတွေ အထပ်ထပ် ကာရံပစ်ခဲ့တာ
အိပ်မက်မဟုတ် တကယ်အဖြစ်အပျက် ပါလားလို့
ကိုယ့်ကိုကို လက်မခံရဲခဲ့တာပါ... မာနတွေခဝါချ သိက္ခာကို
မငဲ့ကွက်ဘဲ ပေးဆပ်ခဲ့တာတောင်မှ ပြဇာတ်အပြီး ကန့်လန့်ကာ
ချချိန်မှာတော့ သရော်အပြုံးနှင့် ချန်ရစ်စေခဲ့သူရယ်
ဘာကြောင့်နှလုံးသားကိုမှ စီးချင်းထိုးချင်ရတာလည်း...
အငိုက်မိတဲ့ကိုယ့်နှလုံးသားမှာ လက်သီးပုန်းဒဏ်တွေ အလူးအလဲခံရင်း
လဲကျရှုံးနိမ့်ခဲ့ရပြီ
ပေးဆပ်ခြင်းတစ်ခုနှင့် အဆုံးစွန်ထိ ကိုယ့်မြတ်နိုးခဲ့ပါတယ်
နှလုံးသားနဲ့ ကြိမ်ကြိမ်စတေးခံရဲပါတယ်
ဒါပေမဲ့ နိဂုံးရလဒ်ကတော့ မျက်ရည်တွေကို ပဲ့ကိုင်
ရှုံးနိမ့်ခြင်းတွေပွေ့ အလွမ်းတွေကို ဆောင်ကြဉ်းရင်း အထီးကျန်
လှော်တက်ငယ်တစ်ခုနှင့်အတူ ငါရွက်လွင့်ကျန်ရစ်ခဲ့ရပြီ...
ဒါပေမဲ့ ငါရဲ့မျှော်လင့်ချက်တွေ အိပ်မက်တွေ
အခုဘဝမှာ တကယ်လက်တွေ့ ဖြစ်မလာနိုင်ပေမယ့်
နောင်ဘဝ ဆက်တိုင်းမှာ တို့နှစ်ယောက်ရဲ့
ဆုံစည်းမှုကို မြှားနတ်မောင်အသိအမှတ်ပြုနိုင်ပါစေလို့
ဆန္ဒပြုရင်း လွမ်းခြင်းကင်းသော အချစ်ကိုပိုင်ဆိုင်နိုင်ပါစေ။
လွမ်းသရဖီ
"တက်နေဝန်း၏ရောင်နီဦး"
သာသနာကျိုး ဆင့်သယ်ပိုးမည်
ဒို့မျိုးဂုဏ်ဆောင် တက်နေရောင်သို့
ဗုဒ္ဓဟောာကြား မြတ်တရားနဲ့
မှတ်သားမှတ်ရာ သာသနာကို
အကာအနှစ် ပိုင်းခြားစစ်ဖို့
သည်နှစ်အစပြုခဲ့ပြီ ။
လိမ္မာရေးခြား အကျိုးများအောင်
ကျိုးစားပို့ချ ပထမတွင်
ဗုဒ္ဓဆိုင်ရာ ကျင့်ဘာသာကို
ဦးစွာလူငယ် ပေါင်းခြောက်ဆယ်ကျော်
အဖြေတော်ကို ပို့ခဲ့ပြီ
နောက်နောင်စဉ်လာ ဒေသနာတွင်း
ထင်လင်းထွန်းပေါက် မျိုးဂုဏ်မောက်လို့
ဖူးပွင့်ဝေဆာ ခိုင်လုံးဖြာသို့
မှန်စွာအစ ဆင်ကျင်းပခဲ့
တိုးနီဘွဲ့ရ ဤကျောင်းမှသည်
သစ္စာအလှပြုခဲ့ပြီ။
နီလာ
ဟေမာန်ဆောင်းရဲ့ အလွမ်းချယ်ရီ
ဟေမာန်ရယ်....
နှင်းတွေကျလို့ ချမ်းအေးပေမဲ့
ရင်ထဲပူလောင် နှလုံးသားအပူမီး
လောင်ကျွမ်းနေတယ် ငြိမ်းဖို့ခက်တယ်
တချိန်ကချယ်ရီပွင့် ပျော်ရွှင်စွာ
ကေသာထက်မှာ ဝေဆာလျှက်သာ....
သြော် ခုတော့ ...
ချယ်ရီရယ် အဆွေးပန်းမို့
မပန်ဆင်ပါရစေနဲ့ကွယ်
ဆောင်းအလှရှုခင်းရယ်
ဆွေးအောင်ဖန်ဆင်းလေတယ်
နှလုံးသားမှာ ဟန်ဆောင်အပြုံးနဲ့
မပွင့်လန်းနိုင်တော့ဘူးကွယ်
တောင်တန်းကိုသက်သေပြုလို့
တောင်းဆုဆိုမယ် တစ်သက်လုံး
သစ္စာစောင့်သိဆဲပါလို့
အဆွေးပင်လယ်မှာ အကြင်နာကြာပွင့်တွေ
မပွင့်နိုင်သလို ပျော်ရွှင်စရာ
ကိုယ့်ရဲ့ကမ္ဘာပျက်သုဉ်းသွားပြီ
ဆွေးရတယ် ဟေမာန်ရယ်...။
ဧြဥဥြ ဒ
အထီးကျန်အလွမ်း
အကြည့်တစ်ချက် ရင်မှာစွဲထင်
အပြုံးတစ်ပွင့် ရင်ထဲလှိုက်ဖို
မေ့မရလွန်း ရင်ထဲမွမ်းအောင်
သတိရတယ် အတိတ်က ..သူရယ်
ရင်မှာခံစား အချစ်များကို
တစ်ယောက်ထဲပဲ အထီးကျန်စွာ
လွမ်းနေပါ့မယ် အတိတ်တွေရယ်
ရင်မှာလွမ်းနေ အချစ်တွေလည်း
မင်းမသိတော့ ခက်လှပါရဲ့
ကံစေညွှန်ရာ နှလုံးသားမှာ
ဒဏ်ရာများစွာ ကြိတ်ခံစားရင်း
အပြောခက်ခက် စူးနက်နက်နဲ့
တစ်ယောက်ထဲပဲလွမ်းနေမယ်
မနက်ဖြန်ဆိုတာ
ရှိသ၍...။
လူ့ဘဝ
လူ့ပြည်လူ့ရွာ ရှုပ်ဗွေနောက်နေ
ဒုက္ခများကို သုခလို့ထင်
မျိုးစုံကြုံတွေ့ မသေသေးခင်
ဆင်ခြင်ကင်းမဲ့ တရားမမြင်
ပြေးလွှားလုပ်စား သူဦးငါခင်
လောဘဖုံးလွှမ်း ဝမ်းရေးကိုပင်
ဒေါသဖြစ်ရင် ဆွေမျိုးမထင်
မောဟမီးလွင့် လူ့ပြည်တခွင်တည်း။
ကံမြေပေါ်မှာ ဖြစ်ပေါ်လာကြ
သုံးဖြာကမ္မ မှုကိစ္စအား
ပြုရာတွင်ထင် အာနိသင်ကို
လိုချင်မှန်းဆ မတောင်းတနှင့်
မျှော်ရသည်မှာ နပ်လှပါပြီ။
(ငြိမ်းသက်)
လမ်း
ဟေ့ ... ခေတ်သစ်လူငယ်
ဒို့ဘော်ဒါတွေ ယနေ့ခေတ်က
အပြိုင်အဆိုင် နည်းပညာတွေနဲ့
တိုးတက်နေတဲ့ခေတ်မို့
ငါ့ဘော်ဒါတွေ အိပ်နေလို့မရတော့ဘူး
နိုးထကြလော့..။
စာအုပ်အစုံ လေ့လာကြလို့
ငယ်ငယ်ရွယ်ရွယ် သွက်လက်မြန်ဆန်
သူတစ်နည်း ကိုယ်တစ်ကြံနှင့်
ပေါင်းစုတည်ထွင်
လမ်းသစ်ဖောက်မယ်
ရိုးရိုးသားသား ကြိုးစားလှုပ်ရှား
ငါတို့အချိန်ကို လုလို့
ခရီးဆက်ကြစို့လား။
ကုသိုလ် အကုသိုလ်အကျိုး
လူဖြစ်စဉ်ကား မမြဲ အနိစ္စ
တရားဓမ္မ မပြုကျင့်က
အကုသိုလ်အား ပွားများခဲ့လျှင်
သုံးဆယ့်တစ်ဘုံ အလုံးစုံသော
ငရဲတိရစ္ဆာန် ပြိတ္တာဘုံသို့
ရောက်သည်၌လည်း
မလွဲမသွေ ရောက်မည်ဖြစ်သည်
လူ့ဘဝဖြစ်စဉ် မမြဲအနိစ္စ
သိရှိကမူ ပြုနိုင်မည်လျှင်
တရားဘာဝနာ မြတ်သဒ္ဓါကို
ယုံကြည်အားထား မြတ်တရားကို
အမြဲသတိရ ပြုကျင့်ကြ
ထိုသို့ပြုမှ သံသရာတွင်
မျိုးစေ့ရ၍ သံသရာအဆက်ဆက်
မြတ်တရားကို ပွားများကာ
မြတ်နိဗ္ဗာန်ကို မလွဲမသွေ
ရမည်တကား..။
မွန်းရှိုင်း
နွေအလွမ်း
နွေဦးအခါ ရောက်ခဲ့လေတော့
လေပြည်လေဦး တရှုးရှုးနဲ့
ညင်သာစွာတိုက်ခတ် ဤအဖြစ်ကြောင့်
အဝေးမှာရှိတဲ့ ငယ်ချစ်လေးကို
လွမ်းနေမိတယ် နွေရယ်...
သစ်ရွက်ခြောက်တွေ မြေသို့ကြွေကြ
ကျေးငှက်တွေလည်း သည်လိုပါဘဲ
ပျော်ရွှင်ကြည်နူး တမြူးမြူးနဲ့
သာယာငြိမ့်ညောင်း ဥသြငှက်ကြောင့်
စိတ်ထဲဝမ်းသာ ရွှင်မျက်နှာနဲ့
တနယ်တကျေး အနေဝေးတဲ့
လမင်းဥပမာ ချစ်သူမျက်နှာကို
မြင်ရောင်ရင်းနဲ့ လွမ်းနေမိတယ်
နွေရယ်..။
မွန်းရှိုင်း
ထွန်းတောက်ပြောင်မယ့် လင်းရောင်ကြယ်
ရှမ်းပြည်လို့ခေါ် တိုင်းဌာနပေါ်
ဗုဒ္ဓဒေသနာရောင် ထွန်းလင်းပြောင်၍
ဆက်လက်တည်တံ့ ကြာရှည်ဖို့
အကျွန်ုပ်တို့ ကြိုးပမ်းစို့
အများသိတဲ့ ကောင်းဘို့ခေါ်
ဗုဒ္ဓသာသနာရောင် ထွန်းလင်းပြောင်ကာ
ဆက်လက်ပြန့်ပွား အသိများဖို့
အကျွန်ုပ်တို့ ကြိုးစားစို့။
တိုးနီကျောင်းခေါ် ကျောင်းတိုက်ကြီးပေါ်
ရှင်တော်အများ ဥာဏ်ကွန့်ထား၍
ဟောကြားသင်ပြ တရားဓမ္မ
ယဉ်ကျေးမှုအစ မေးခွန်းလွှာကို
သူတော်အများ ဖြေကြားဖို့ရာ
ရောက်လို့လာ ရွှင်ပြုံးမျက်နှာရှိသည်တကား...။
အန်းဇက်
စိတ်ချင်းညီတဲ့ ဆုတောင်းလွှာ
ကောင်းကင်ပြာပေါ် လှမ်းမျှော်ကြည့်သော်
ပန်းခင်းအလား ကြယ်လေးများတို့
ထွန်းတောက်ပစွာ ရှိလှသည်
ညနေဆည်းဆာ နေဝင်ပြီးခါ
အေးမြသာယာ ကိုယ်စိတ်ကြည်စွာ
သူငါ အများ ညီညွတ်သွား၍
ဆရာသခင် ဗုဒ္ဓဘုရားရှင်၏
သားတော်နှစ်ပါး တရားဓမ္မ သြဝါဒကို
ခံယူဆောက်တည် ကျင့်ဆောင်မည်ဖို့
ကိုယ်စီအပြုံး ပန်ဆင့်ကုံးရင်း
သံသရာရဟတ် ရပ်တန့်ဖို့ရာ
ရည်သန်သမှု အာရုံပြုကြ
နိဗ္ဗာန်ရဖို့ အကြောင်းတည်း။
အန်းကူ
မေ့နှင့်မေ
ခင်အတွက်ဆို ကိုယ်ဟာထီးလေး
စေတနာအေး မေတ္တာအေး
အေးမြစေချင် အစဉ်ပေးအပ်ချင်သူပါ
တကယ်ပါ
တောင်ပံ တစ်စုံသာရှိခဲ့ရင်
ငါ့ရဲ့ဦးတည်ရာအရပ်က မင်းဆီကိုပါ...
အမေ့မေတ္တာ
အသက်ကို ပဓာနမထား
ဝါးဒ ခနဲအသံအကြားမှာ
မာန်ပါပါ အမေ့ရဲ့အပြုံး
လမင်းတစ်ရာရှုံးလောက်တာ
သားသမီးတိုင်းရဲ့မေမေပါ...
အမေ့ရဲ့ ယုယမှု
သည်းချာရင်နှစ် အမေ့အချစ်
အစစ်ကိုပွား ဖဝါးကနှစ်လုံး
ပခုံးလက်နှစ်သစ်ကနေ လူဖြစ်အောင်ကျွေး
ဘေးကင်းစေရန် သဘောအမှန်နဲ့
လောကဓံကို ရင်ဆိုင်ရဲတာ
သားသမီးတိုင်းရဲ့ မေမေပါ...
ပုခက်လွှဲတဲ့ အမေလက်နဲ့
တေးစက်တို့ သီဖွဲ့သံဟာ
စည်းဝါးမပါပေမဲ့ ငြီးမတွားခဲ့တာ
သားသမီးတိုင်းရဲ့မေမေပါ ....။
ရတနာ။
လှမ်းခဲ့စေချင်သည် ရွှေသရက်ဆီ
ရပ်စောက် ကောင်းဘို့ အနောက်မြောက်သို့
ဖိတ်ခေါ်ပါသည် ရွှေသရက်ဆီ
ပျော်စရာကောင်းတဲ့ ဒို့ဌာနီ
ရွှေသရက်လည်းခေါ် သရက်သုံးပင်နော်
လာခဲ့ကြကွယ် ပျော်ရွှင်အေးချမ်းတယ်
ဝတ်မှုံကူးလို့ နှင်းစက်ကျ
မြူနှင်းတွေက ပုလဲလိုလှ
ဒို့ရွာကလေးရဲ့ ပနံရ
ရွာနောက်မှာတဲ့ မြကပလာ
တောင်တန်းကြီးက ဆီးလို့ကာ
ရွာ၏အလယ် ရှုမောဖွယ်
ဆုတောင်းပြည့်တဲ့စေတီရယ်
မုနိထွဋ်ခေါင် မြတ်ညီနောင်
ဦးခိုက်ပါသည် မြတ်စေတီ
ရွှေရောင်ကလေးလည်း ထွန်းခဲ့ပြီ
ရွာရဲ့သတင်းလည်းမွေးပျံ့တယ်
လူပျိုလေးများ ဂျူမုံနှယ်
ဂျူမုံလေးမို့ အရမ်းမိုက်
ပျိုမေရင်၌ခိုက်
ပျိုမေများလည်း လှတာပဲ
အွန်စောလေးလို ရင်မှာစွဲ
စွဲခဲ့လွမ်းခဲ့ပါသည် ရွှေသရက်ဆီ
မပြန်ချင်ဘဲ ပြန်ခဲ့သည်
အိန်ဂျယ်ရာညီညီ
သာဝကများ
ကိုရင်ငစိုး အလွန်ဆိုး
ကိုရင်ငလင်း အလွန်ပျင်း
ကိုရင်သားကြီး အလွန်ဖြီး
ကိုရင်အောင်နိုင်သူ အလွန်မူ
ကိုရင်ငပျော့ အလွန်ဆော့
ကိုရင်ညီလေး အလွန်ငေး
ကိုရင်မိုးဒီ အလွန်ရယ်
ကိုရင်ဖိုးကုတ် အလွန်ရှုပ်
ကိုရင်ဖိုးညိုလုံး အလွန်တုံး
ကိုရင်အောင်ပိုက် အလွန်ငိုက်
ကိုရင်လေးငယ် အလွန်ကျယ်
ကိုရင်ဖိုးကောင်း အလွန်နောင်း
ကိုရင်အောင်ငဲ အလွန်ဆဲ
ကိုရင်ကံကောင်း အလွန်စောင်း
ဒကာကြီးအေး အိမ်သာဆေး
ဟီး ဟီး ဟီးဟီ အလွန်ရယ်ရတယ်ဝေး။
ရင်အေး
ကျနော်တို့ ဌာနေ
ကျနော်တို့တိုးနီကျောင်းကို ရောက်ရင်ဖြင့်
လက်ကမ်းလို့ ကြိုဆိုနေမယ်
ရောက်လာသူအပေါင်းကိုလ
စိတ်ကြည်နူးစေမယ်
မုခ်ဦးကို ဒေါ်မြဋ္ဌေး အလှူရှင်မို့
တောင်ဖက်မှာ ရေကန်းရှိတယ်
မြောက်ဘက်မှာ ဓမ္မာရုံကွယ်
အနောက်ဖက်မှာသိမ်ရှိတယ်
ရောက်လာသူ စိတ်ရွှင်လန်းအောင်
လှမ်လှည့်ပါအမြဲ......။
ဒကာအေး
ပစ္စုပ္ပန်နှလုံးသား
သတ်ပုံမှားတဲ့ငါ့ဘဝကို
မင်းကျက်ခြေခတ်လိုက်တာ
မှန်ကန်မှု တစ်ခုပါပဲ
ကိုယ်နားလည်ပါတယ်.....ရယ်
ချစ်တယ်လို့ပြောရင်တောင်
ကိုယ့်မျှော်လင့်ချက်တွေက
မင်းကိုနုတ်ဆက်နေမှာပါ
နိဒါန်းမပျိုးခင်က ချုပ်ရမည့်နိဂုံးကို
အိမ်မက်လမ်းအဆုံးမှာ တွေ့လိုက်ရတယ်
မင်းကိုယ်မင်း မညှာနိုင်ဘဲနဲ့
မချစ်ဘူးလို့ ပြောလိုက်တာ
မင်းမျက်ဝန်းထဲက မျက်ရည်တစ်စက်
အဲဒါလျှို့ဝှက်ချက်တစ်ခုပါပဲ
ကျောခိုင်းဖို့ ဆုံးဖြတ်လိုက်ပေမဲ့
အပြစ်မရှိဘဲ အနီကတ်တွေ
တစ်ခုပြီးတစ်ခု ထုတ်ပြနေတဲ့
မင်းနုတ်ခမ်းကို ငါလွမ်းတယ်
မိုးမလင်းတော့ဘူးလို့ ထင်နေတဲ့ ငါ့ရင်ဘတ်ကို
သက္ကရာဇ်တွေ ကျော်ဖြတ်သွားတယ်
အချစ်ရယ်....။
သိန်းငှက်
ညမင်းသား
ညနေ (၆းဝဝ)နာရီနှင့် (၇းဝဝ)ဆို ဖေဖေသိမှာကိုကြောက်နေတဲ့
ချာတိတ်လေး ဆိုင်ကယ်တွန်းလို့ပြေး ၊
ဖေဖေခေါ်လျှင် မကြားပေါင် ဟိုနားဒီနားရောင်
ခဏဆိုပြီးပြေးအဝေး ဘယ်လိုကောင်ကလေး
လည်ပြန်တော့လည်း လွန်နေတာ
ညသန်းခေါင်ကျော်ထိပါ...
ဗဟုသုတဘာမျှမရှိ လမ်းမှာဟစ်နေ၏ ။
အပျိုအိမ်သွား၍ လည်နေတာ အဆင်ကဖြင့် ပြေမလာ
ဓာတ်ဆီတစ်ပုံး ဘယ်လိုသုံး ခဏလေးနဲ့ဖြုန်း
ဖေဖေကတော့ ဆူလိုက်ပါ
ညချမ်းတွေတော့ ကျော်လို့လာ
အနောက်စုဆိုတဲ့ရွာကိုသာ ညတိုင်းလည်နေတာ ။
ဟွန်ဒါဆိုတဲ့ဆိုင်ကယ်လေး ဓာတ်ဆီဖိုးကမသေး
အင်ဂျင်ဝိုင်က တစ်ပုံးတွင် တစ်သောင်းခုနှစ်ထောင်ပင်
ဆီဖိုးတွေက မတတ်နိုင်တော့ အစ်မဆီကလုရပေါ့...
ဆီဖိုးအပြင် မုန့်ဖိုးပါ ပို၍လိုလို့လာ
တခါတလေ ဆိုင်ကယ်ပျက် ဇေယျကျော်ဘီးပေါ်တက် ။
တစ်ညသုံးလျှင် နှစ်သောင်းခွဲ ဘယ်ဆီသွားရှာမလဲ ၊
မင်းသားအဖြစ်ဟာ စိတ်ပျက်စရာ အိမ်ကမိသားစုမှာ
ကြာကြာလျှင် တော်တော်ဆိုး နောက်မှနောင်တတိုး... ။
(ရွှန်းအိ)
တွဲလက်
ဝသန်မိုးရဲ့အေးချမ်းလှတဲ့
မိုးစက်ပွင့်တွေ သက်သေထားလို့
ဖြူစင်အချစ်ရင်မှာဖြစ်ခဲ့
မပြယ်သစ္စာ မယိုင်တဲ့မေတ္တာနဲ့
ထာဝရချစ်ခဲ့ကြပြီး
မလိုတဲ့ဘေးစကားကြောင့်
ချစ်တဲ့စိတ်ကို ရင်မှာပိုက်လို့
အလွမ်းသယ်ရင်း မဆုံနိုင်တဲ့
နေရာတစ်ခု မျက်ရည်တွေနဲ့
ကျောခိုင်းခွဲခွါ ဝေးခဲ့ရတယ်
ပေးခဲ့ဖူးတဲ့ ကတိစကားတွေ
ရင်ခုန်ခဲ့တဲ့ အနမ်းလေးတွေ
ပြောခဲ့ဖူးတဲ့ အချစ်စကားတွေ
ရင်မှာသိမ်းဆည်း ဆုံဆည်းရက်ကို
ထာဝရမျှော်မှန်း ဆုတောင်းကြစို့
မင်းနှင့်တွေ့မှ အချစ်ဆိုတာ
သိခဲ့ရတဲ့ကိုယ့်အတွက်
အလွမ်းဆိုတာ မခံစားရဲလို့ပါ
နွေဦးရောက်လို့ သစ်ရွက်ကြွေတိုင်း
ရေကန်ရဲဘေး အတူထိုင်ခဲ့တဲ့
ခုံတန်းလျားလေး အခုချိန်မှာ
ဒို့တစ်ယောက်တည်း အထီးကျန်လို့
ဆွေးရပြီပေါ့
စိတ်အားငယ်လို့ အဖေါ်မဲ့နေချိန်
အနားနားလာပြီး အားပေးစကား
နှစ်သိမ့်တတ်တဲ့ ချစ်သူစကား
ပြန်လည်တမ်းတ ကြားနေမိတယ်
ရေခြားမြေခြား ကမ္ဘာခြားလည်း
တစ်ယောက်ဆို တစ်ယောက်
မပြောင်းလဲဘဲ
ထာဝရအစဉ်သာ ချစ်နေမှာပါ
လရောင်တွေ မရှိပေမဲ့
ကြယ်တာရာရဲ့ ခြေရာလေးတွေ
အခိုက်အတန့် တွေ့နေရသလို
ငါ့အနားမှာ မင်းမရှိပေမဲ့
မင်းထားခဲ့တဲ့ ကြင်နာခြင်းတွေ
အလွမ်းရောင် အငွေ့သက်တွေ
ဘယ်တော့မှ လွင့်စင်မသွားဘူး
ဓနဂုဏ်တွေနဲ့ပြည့်နှက်နေတဲ့
အသိုင်းဝိုင်းကြား အချစ်တွေကို
မပျောက်ပျက်အောင် မင်းနဲ့ ငါ့ရဲ့
ခိုင်မြဲလက်တွေ တွဲရင်းနဲ့သာ
ခါးသည်းနေ့တွေ ကုန်လွန်ပြီး
ထွန်းတောက်ပတဲ့နေ့လေး တစ်နေ့
ပိုင်ဆိုင်ရမယ့် အချိန်ရောက်ခဲ့ရင်
အရင်လိုဘဲ မပြောင်းလဲတဲ့
အချစ်တွေနဲ့ ထာဝရအဆက်ဆက်
လက်တွဲသွား ကြမယ်
ချစ်သူရယ်...၊
(စိုးတိမ်လွှာ)
နှောင့်ယှက်သူ
ကဗျာတစ်ပုဒ် ထုတ်မည်ပြုသော်
အာရုံလာမည် စိတ်ကရည်၏
စာရွက်ကိုဖြန့် ဖောင်တိန်ချကာ
ရေးမည်ပြုသော် ချေးပတိုးအော်၍
ချော်ပတဲ့ ကဗျာအာဘော်
ဇာတ်လမ်းမရောက် စိတ်ကောက်ပြန်သည်
ရေးလည်းမမြောက် စိတ်ဖောက်ပြန်မည်
ရေးဖို့ တစ်ဖန် ပြုဖို့မကျန် မရှိပြန်၍
အိပ်ရာခွင်သို့ ကြိတ်ကာဝင်ခဲ့မိလေသည်..။
(အိပ်မက်)
ပန်းတိုင်
ယဉ်ကျေးမှုသင်တန်း
စလှမ်းဖွင့်လှစ် ပထမနှစ်တွင်
လူငယ်အများ စာသင်သားတို့
စာဖြေမည်ဟု ထင်ထားစိတ်မှာ
ဆရာသာ၏
သို့ပြီးတစ်ခါ စာဖြေသော်ကား
ဆယ့်သုံးယောက်သာ ဟုတ်တိပတ်တိ
ကျန်သူရှိ၏
ပထမနှစ်ကျန်ရစ်သူသည်
ကိုယ့်ထက်ငယ်ကား ကျော်လွှားနိုင်မည်
ခုမှသော်ကား ကြီးစွာနောင်တ
စိတ်မှာရသည်
အောင်ဆုထူးကြီး ငတ်ပေသကိုး..၊
(ခွန်နေခြည်ရှိန်း)
အိပ်မက်လှလှ
အေးစက်ချမ်းမြေ့စွာအပြစ်ကင်းဆဲ
ခိုင်မြဲခြင်းအတွက် လက်နှစ်စုံ
အဖြူရောင်ရင်ခုန်သံများ
ရှင်းသန့်တဲ့ နှလုံးသားနှင့်သူ
ဝင်းပကြည်ဖြူစွာ ပြုံးလို့
နှစ်ဦးသားရဲ့ တွေဆုံမှုတိုင်းမှာ
အပြုံးလေးက ဇာတ်ဝင်တေးတစ်ပုဒ်အဖြစ်
စိမ်းပျိုနုသစ်စွာ ပါဝင်မြဲပါ၊
အိပ်မက်တိုင်းမှာ သူအကြောင်းတွေ
စိတ်ကူးရွက်လှေ ကြည်နူးပျော်ရွှင်နေ ၊
သဘာဝရဲ့ စည်းတစ်ခုအောက်မှာ
နောက်ဆုံးမျှော်လင့်ချက်နှင့်
အိပ်မက်တစ်ပုဒ်မက်နေမိတယ် ၊
နိုးမထချင်ဘူး ကို ရယ်
မရိုးသားစွာ အကြင်နာပိုခဲ့မိတာတွေ
တစစီပြိုကွဲသွားမဲ့ မနက်ခင်းကို
မလိုချင်လို့အိပ်မက်လှလှ သူ့ကမ္ဘာထဲ
မွေ့ လျော်ပျော်ပါရစေ .....။
(ချစ်)
သံသယ
တွယ်တာနှောင်ရစ်
ဒီအချစ်တွေ ၊
ကြည်နူးသာယာ
ဒီမေတ္တာတွေ ၊
မမေ့နိုင်ဆုံး
ဒီအပြုံးတွေနဲ့ ၊
ကံကြမ္မာမပေးတဲ့
တို့နှစ်ယောက် ၊
သံသယအတွေးနဲ့
ဝေးရမှာကြောက်တယ်...။
(သီဟနိုင်)
နွေနှင့်အတူ
အို...နွေရာသီ
ပူလောင်မြိုက်မြိုက်
တရှိုက်ရှိုက်ကြွေ
သစ်ရွက်မြေသို့
ဝဲယာကူးဆက်
မနင်းရက်ဘူး
သင်နှင့်ထပ်တူ
ကိုယ့်လိုလူလည်း
နှလုံးသားသစ်ပင်
ထက်ဝေဟင်မှ
အလွမ်းရွက်ကြမ်း
အုံ့ပုန်းပန်းတို့
မင်းလာမဲ့ဘက်
မျှော်ကာယှက်ထွေး
တိတ်တိတ်ကလေး
ကြိတ်မိတ်ဆွေးကာ
ကြွေနေသေးရဲ့....
(လွင်ပြင်)
ဆယ်စုနှစ်ကျော်
အချိန်ကာလ နှိုင်းမရတဲ့
ဆယ်စုနှစ်ကျော် ခြောက်နှစ်ကျော်မှာ
ဘုန်းတော်အနန္ဒ နှိုင်းမရတဲ့
ငယ်ဆရာကျေးဇူး မမေ့ဖူးလို့
ရပ်ရွာမှာဆို ရပ်မိရပ်ဖ
မေတ္တာကလဲ တထပ်တည်းမို့
ကျေးဇူးဆိုတာ မမေ့ရာဘူး
ဆပ်ချိန်ကြိုလည်း ပြုံးပြုံးဘဲမို့
လက်တွဲညီညာ ရှေ့ဆက်ရာ၏။
မောင်သာရ(ပညာသည်)
ရင်တွင်းဖြစ်
မင်းလေးဆီကိုလာချင်ပေမယ့်လည်း
စိတ်ပဲရှိတာမို့ မင်းကိုလည်း အပြစ်မတင်
အချစ်ကိုလည်း အပြစ်မမြင်
ပြန်ဆုံနိုင်မယ့် နေ့လေးကိုပဲ
လွမ်းတသသနှင့် စောင့်မျှော်နေဆဲပါ
ချစ်သူ
၁ သက်မှာ
၂ လုံးသားကို
၃ စားခဲ့တယ်
၎ လံလွန်းတဲ့
၅ ရဲ့စိတ်တွေ
၆ ကပ်နေချိန်
၇ စင်းသောမြစ်ရေပြင်ဟာ တို့ရဲ့မျက်ရည်တွေပေါ့
၈ သူနှင့်ဝေးကွာနေချိန်
၉ ယို ကားယားဖြစ်နေတဲ့ တို့ရဲ့စိတ်ကို
၁ဝ ယူလိုက်ပါ တို့အနားမှာချန်မထားပါနဲ့
နှစ်လွှာတွယ်ယှက်
စွယ်တော်ရွက်လို
ဆယ်သက်ဆယ်ကမ္ဘာ
မခွဲခွါဘဲ ကြင်နာအသဲ
တို့ရင်ထဲမှာ အစဉ်အမြဲ
ချစ်နေဆဲပါ...ချစ်သူ
(နိုရာစိုး)