Pages

Subscribe:
လာရောက်သူအပေါင်း ချမ်းသာကြောင်း ဆုတောင်းမိပါသည်... ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လိုတိုင်းတလို့ မှန်းတိုင်းရပါစေ...

Thursday, 17 November 2011

သတိထားမိရဲ့လား?...

    သင်အသက်တွေကြီးလာပြီ
   'လောဘ' 'ဒေါသ' 'မောဟ' တွေကြီးနေတုန်းပဲလား?...

    သင့်သွားတွေ ကျိုးကုန်ပြီ
    'မာန် ' 'မာန'တွေ မကျိုးသေးဘူးလား?...
    
    သင့်အသားအရေတွေ တွန့်ကုန်ပြီ
    မကောင်းမှုတွေမှာ မတွန့်သေးဘူးလား?...

    သင့်အင်အားတွေလျော့ပါးနေပြီ
    သင့်'တဏှာ''ဆန္ဒ'တွေ မလျော့ပါးသေးဘူးလား?...

    သင်ဆံပင်တွေဖြူကုန်ပြီ
    သင့်စိတ်ထားတွေ မဖြူသေးဘူးလား?...

    သင့်မျက်စိတွေ မှုန်ဝါးနေပြီ
    သင့်နိဗ္ဗာန်လမ်းတွေ မှုန်ဝါးတုန်းပဲလား?...။