Pages

Subscribe:
လာရောက်သူအပေါင်း ချမ်းသာကြောင်း ဆုတောင်းမိပါသည်... ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လိုတိုင်းတလို့ မှန်းတိုင်းရပါစေ...

Wednesday, 2 November 2011

အကြိုက်ဆုံးကဗျာ

 
“အဖြည့်ခံ”
-------------
ဝေသမျှ မကြွေတဲ့ ပန်းပါ
မင်းမနမ်းချင်လည်း ပွင့်ခဲ့ပြီလေ...
 
စိမ့်ထွက်သမျှ မခန်းတဲ့စမ်းပါ 
မင်းမသောက်ချင်လည်း စီးခဲ့ပြီလေ...
 
ဆိုနေသမျှ မဆုံးတဲ့တေးပါ
မင်းမကြားချင်လည်း သီခဲ့ပြီလေ...
 
မြူတိမ်ကင်းပြီး သာတဲ့လပါ
မင်းအိပ်နေလည်း လင်းခဲ့ပြီလေ...
 
တောင်ထိပ်ကသစ်ပင်ရိပ်ထက်
တောင်ခြေက ချောင်းငယ်တစ်ခု ဖြစ်ချင်တယ်
မျက်နှာမသစ်တောင်မှ (မင်းမောတဲ့အခါ) 
ခြေဆေးလို့ရအောင်ပေါ့...