Pages

Subscribe:
လာရောက်သူအပေါင်း ချမ်းသာကြောင်း ဆုတောင်းမိပါသည်... ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လိုတိုင်းတလို့ မှန်းတိုင်းရပါစေ...

Thursday, 17 November 2011

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ


               
  ရေချမ်းသစ်သီး ၊ ပန်းဆီမီးကို ၊ ခိုင်ဖြီးသဒ္ဓါ ၊ လှူပြီးကာမျှ ၊
  ငါ့မှာကောင်းကျိုးအလွန်တိုးဟု ယုံကိုးစိတ်ထဲ ၊ မရောင့်ရဲနှင့် ။

 မစဲညနေ့ ၊ ဘုရားရှေ့တွင် ၊ ပျော်မွေ့မြတ်နိုး ၊ မြဲရှိခိုး၍ ၊ ကောင်းကျိုးပွားစည် ၊
 ကြီးလှပြီဟု ၊ယုံကြည်အားရ ၊ စိတ်မချနှင့် ။

“ဓာရဏနှင့် ၊ “ဓမ္မစကြာ ၊ မေတ္တာပဋ္ဌာန်း ၊ ရွတ်နိုင်စွမ်းကြောင့် ၊
 ရွှင်လန်းပီတိ ၊ ဂွမ်းဆီထိကာ ကြီးမည့်တေဇော် ၊ မစောင့်မျှော်နှင့် ။

 ဂုဏ်တော်ပုတီး ၊ သက်စေ့ပြီးအောင် ၊ ဇွဲကြီးခိုင်မာ ၊ ငြိမ်သက်စွာဖြင့် ၊ 
 သဒ္ဓါကြည်ယုံ ၊ စိတ်ပြီးရုံဖြင့် ၊ လုံလောက်လှပြီ ၊မရပ်တည်နှင့် ။

 ရေကြည်သစ်သီး ၊ ဆီမီးလှူမျိုး ၊ ရှိခိုးဝတ်ရွတ် ၊ စေလွှတ်မေတ္တာ ၊ 
 တစ်ရာ့ရှစ်သီး ၊ စိပ်ပုတီးကို ၊ မငြီးဆင့်ကဲ ၊ စိပ်မြဲစိပ်ပါ ၊ မဖြတ်ပါနှင့် ။

 ဆက်ကာတစ်မျိုး ၊ ရှေ့သို့တိုး၍ ၊ အကျိုးနိဗ္ဗာန် ၊ မျှော်ရိုးမှန်က ၊ 
 ရုပ်နာမ်ခွဲခြား ၊ ကျင့်တရားသာ ၊ သံသရာဝဋ် ၊ ထွက်လွတ်စေကြောင်း ၊ 
 လမ်းမှန်ကောင်းဟု ညွတ်ပြောင်းစိတ်ထဲ ၊ ယုံကြည်စွဲလျက် ၊ အမြဲနေ့ည ၊ 
 ဝိပဿနာ ၊ ဘာဝနာကို ၊ ခိုင်မာဆန္ဒ ၊ ကြိုးလုံးလမှ ၊ ဗုဒ္ဓခေတ်မြတ် ၊
 တွေ့ကျိုးနပ်မည် ၊ ကြပ်ကြပ်သတိရှိပါစေ ။