Pages

Subscribe:
လာရောက်သူအပေါင်း ချမ်းသာကြောင်း ဆုတောင်းမိပါသည်... ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လိုတိုင်းတလို့ မှန်းတိုင်းရပါစေ...

Wednesday, 16 November 2011

ရွှေသုန်၏ဒဿနများ


   ဆရာ

        ဆရာ့ ရင်ထဲမှ ပုံဒြပ်
        တပည့် မျက်ဝန်းထဲ ထင်ဟပ်စေတယ်။
        ဆရာ့ နှလုံးသားထဲမှ အသံ
        တပည့် နားထဲ ပဲ့တင်ထပ်စေတယ်။
        ဆရာ့ အသဲထဲမှ ဘဝအိမ်
        တပည့်တွေကို ခိုလှုံစေတယ်
        ရင်ကို ရင်ချင်း ဂျပ်ပင် ထိုးသလို
        ထပ်တူထပ်မျှ နားလည်စေတယ်။
        ဒါ ... အံသြစရာ မဟုတ်၊
        သိတယ် မဟုတ်လား?
        ဆရာ ဆိုတာ . . .
        မှော်ဝင်နေတဲ့ အနုပညာရှင်။
        ဆရာ ဆိုတာ . . .
        ထူးခြားတဲ့ ပါရမီရှင်။
        ဆရာ ဆိုတာ . . .
        ကမ္ဘာကြီးကို လိုရာပုံသွင်း
        ဖန်ဆင်းနိုင်တဲ့ ပညာရှင်ဘဲလေ။
                                                                    တပည့် သုန်
စပါးစိုက်ချင်၊ လယ်ကွင်းပြင်၊ ကြိုတင် ထွန်ယက်ထားမှပေါ့။
    စာမေးပွဲတွင်၊ အောင်နိုင်ချင်၊ ကြိုတင် စာကျက်ထားမှပေါ့။

    ကံပင်ကောင်းလျက်၊ အပျင်းဖက်၊ တစ်သက် မချမ်းသာ။
    ဉာဏ်ပင်ကောင်းလျက်၊ အပျင်းဖက်၊ အထက် မမှန်းသာ။

    သင့်အောင်လက်မှတ်သည်
    သင့်အတွက် တစ္ဆေ သရဲ မဖြစ်ပါစေနှင့်။

   မေတ္တာဟာ သတ္တဝါတိုင်းအတွက် ဖြစ်လင့်ကစား
    စေတနာဟာ လူတိုင်းအတွက် မဟုတ်ပါ။

    ပိုသိလာလေ သိစရာတွေ ပိုလာလေ။

    ကြေညက်အောင်
    ထွန်ယက်မထားတဲ့ လယ်ကွက်
    သီးနှံကောင်း မထွက်။

    မင်းတကယ် ကြိုးစားစမ်းပါ၊ မအောင်မြင်စရာ မရှိဘူး။
    မုချ အောင်မြင်မယ်၊ မကြိုးစားတော့ဘူးဆိုမှ
    တကယ်ရှုံးသွားတာကွ။

    ပျင်းရိသော သူသည် သူတောင်းစား၏ အစ်ကို ဖြစ်သည်။

    ကျောက်တုံးကျောက်ခဲနဲ့ တည်ဆောက်ထားတဲ့
    နံရံတံတိုင်း ဖြစ်ပလေ့စေ။
    နာနာဖိတွန်းလိုက်၊ ပြိုလဲသွားမယ်။
    ဒါပေမဲ့  . . . အားစိုက်ဖို့တော့ လိုမယ်နော်။

    တေးဆိုကာ၊ အမေ သိပ်သော်လည်း
        သားအိပ်မှ ပျော်မည်ပင်။
        နည်းဆိုတာ၊ ဘယ်လိုပင် ကောင်းသော်လည်း

       ကြိုးစားမှ အောင်မည်ရှင်။

    အဇာတသတ်နဲ့ ဒေဝဒတ်
    ငါတို့ထက် သာသွားတာ ဘာကြောင့်လဲ?
    အမှားကို မြင်အောင် ကြည့်တတ်တဲ့ မျက်စိနဲ့
    ဝန်ချတောင်းပန်ရဲတဲ့ သတ္တိ ရှိလို့ဘဲ။

    ရောဂါပြင်းလျှင် ဆေးရှိသည်၊ လူပျင်းလျှင် ဆေးမရှိ။

    လူ့ဘုံဆိုတာ လုံ့လဝီရိယ ဘုံကြီးပါ။

    ရောမမြို့ကြီးကို တစ်ရက်တည်းဖြင့် တည်ဆောက်ခဲ့သည် မဟုတ်။

    သူများထက် ပိုတော်တယ်ဆိုတာ
    သူများထက် ပိုကြိုးစားလို့ပါ။

    တစ်စင်းတည်း၊ ဒါပေမယ့် . . . လ၊ လမင်းကြီးကို တိမ် အမြဲမဖုံးနိုင်ဘူး။

    မဖြစ်သေးတဲ့ အရာကို
    စိတ်ကူးနဲ့ မောနေမဲ့ အစား
    အကောင်အထည် ဖော်ကြည့်လိုက်ပါ
    လက်တွေ့ သိလာလိမ့်မယ်။

    ဉာဏ်ပညာ အတုဟူသည် မာန တက်စေ၏။
    ဉာဏ်ပညာ အစစ်ဟူသည် မာန ပျက်စေ၏။

    'ဝေးဝေးမြင်ချင် မြင့်မြင့်ပျံ''
    အမြင့်ဆုံးကို ပျံနိုင်လျှင် အဝေးဆုံးကို မြင်ရမည်။

    လုပ်ချင်တာထက် လုပ်သင့်တာ လုပ်ဖို့ အရေးကြီးတယ်။

    ကွယ်သွားတဲ့ နေမင်းကြီးကို တမ်းတလို့ ငိုကြွေးနေရင် . . .
    ထွက်လာတဲ့ လမင်းလေးကို မမြင်လိုက်ရဘဲ ဖြစ်လိမ့်မယ်။

    အောင်မြင်သူတိုင်း အလုပ်ကို သေသေချာချာ လုပ်ကြသည်။

    ရိုးသားခြင်းဆိုတာ  . . .
    အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပဲ။

    'ယုံကြည်စမ်းပါ''
    ငါလုပ်ရင် ဖြစ်တယ်။
    ငါ့မှာ အရည်အချင်း ရှိတယ်။
    ငါ . . . အောင်မြင်ရမယ်။

    တက်ခေတ်မှာ ပညာ၊ ဆုတ်ခေတ်မှာ ဥစ္စာ။

    အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်။

    မြင်နေရတဲ့ မိုးကောင်းကင်ထက် မြင့်သော မိုးကောင်းကင်
    မြင်နေရတဲ့ တောင်တန်းထက် မြင့်သော တောင်တန်းတွေ
    အများကြီး အများကြီး ရှိသေးတယ်။

    ဗူးပင်လို မကျင့်နဲ့၊ ထန်းပင်လို ကျင့်ပါ။

    ဒါယကာ အလိုလိုက်၍ ကျင့်လျှင် ဒါယကာ၏သား ဖြစ်မည်။
    မင်းအလိုလိုက်၍ ကျင့်လျှင် မင်း၏သား ဖြစ်မည်။
    ဘုရားအလိုတော် လိုက်၍ ကျင့်မှသာ ဘုရားသားတော် ဖြစ်မည်။

    ဘဝကို ဆုတ်ယုတ်စေသော ခြေနှင့်လက်ကား . . .
    ဆင်ခြေ+ဆင်လက်။

    အသား တစ်မျိုးတည်းနဲ့
    ဟင်းကောင်းတစ်ခွက် မဖြစ်ဘူး။

    ရှိခြင်းရဲ့ တန်ဖိုးကို မရှိတဲ့ အချိန်မှ မတမ်းတနဲ့၊
    ရှိတဲ့ အချိန်မှာဘဲ နားလည်စေ။

    လူတော်တော်များဟာ စဉ်းစားရမှာကို
    သေရမှာထက် ကြောက်တယ်။
    မစဉ်းစားဘဲ သေတဲ့သူတွေသာ များတယ်။
    လောကကြီးမှာ ပညာရှိတွေ ရှားတာ
    အဲ့ဒါကြောင့် . . .    ပနှင့်ဖ အလွန်နီးသည်။ ထို့ကြောင့် ပျင်းလျှင် ဖျင်းတတ်သည်။

    ဇွဲသတ္တိ နည်းသူ၏ လမ်းကြောင်းသည် မြစ်များ, ချောင်းများကဲ့သို့ ကောက်ကွေ့၏။

    အနေအထိုင် ရိုးပါစေ၊ ပညာရေး ခေတ်မီစေ။

    အမြဲ အောင်မြင်နေတယ်၊ အဲ့ဒီလူကို  . . ... လူတော်။
    အကြိမ်ကြိမ် လဲတယ်၊ ဒါပေမယ့်  . . . အကြိမ်ကြိမ် ပြန်ထနိုင်တယ်၊
    အဲ့ဒီလူကို လူတော်ထက်သာတဲ့ လူစွမ်းကောင်းလို့ ခေါ်တယ်။

    အားငယ်စိတ် ငယ်ထိပ်တက်လျှင် အောင်နိုင်သူ
    စာရင်းထဲမှာ သင့်ကို ထည့်ထားဖို့ မလိုတော့ဘူး။

    အလုပ် မရှိလျှင် ဘဝ မရှိ။

    ဘဲငန်းလို မကျင့်နဲ့၊ မြင်းလိုကျင့်။

    လှုပ်ရှားတဲ့လူ ခလုတ်တိုက်၍ ခဏတော့ လဲတတ်သည်။
    ခလုတ်တိုက်၍ ခဏလဲခြင်းကား ကျဆုံးခြင်းတော့ မဟုတ်ချေ။

    သောကကို ကလေးလို မမွေးနဲ့၊ ကြီးလာတတ်သည်။

    ဆူးသာ မှန်ပါစေ၊ အချိန်တန်တော့ အိတ်ထဲမှ ဖောက်ထွက်သည်။

    စာရေးတယ်ဆိုတာ တခြား မဟုတ်ဘူး၊ ကိုယ့်နှလုံးသွေးကြောကို ဖောက်ချလိုက်တာဘဲ။

    'တစ်ယူသန်''
    တစ်ယူသန်ဆိုတာ တစ်ယူတည်းသိလို့ သန်တာ။
    နှစ်ယူ,သုံးယူ သိလျှင် မသန်တော့ဘူး။
    စာချတန်းဆိုတာ တစ်ယူသန်လို့တော့ . . .

    သဘာဝ, အာဂမ, ဒဿန, ဟာသ
    ဒီလေးမျိုးကို အချိုးကျကျ ပေါင်းစပ်နိုင်မှ
    ကောင်းမြတ်တဲ့ စာချကောင်း ဖြစ်မယ်။

    သာသနာတော်နှင့် ကြုံတွေ့ရသော
    မျက်စိနှင့် နားတို့၏ တန်ဖိုးသည် အဖိုးမဖြတ်နိုင်။

    အောက်တန်းအကျဆုံးကား . . .
    စိတ်ဓာတ် အောက်တန်းကျခြင်းသာတည်း။

    လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းဘဲ။

    လျှာမငြိမ်တဲ့ဒဏ် လည်ပင်းခံရတယ်။

    မိတ်ဆွေကောင်း တစ်ဦး၏ တန်ဖိုးသည် အဖိုးမဖြတ်နိုင်။

    နှောင့်နှေးသော သူသည် အဆုံးရှုံး မြန်၏။

    အလုပ် မလုပ်သော သူသည် မာရ်နတ်၏ အပေါင်းအသင်း ဖြစ်သည်။

    ကုသိုလ်လုပ်ရာ အကုသိုလ် မပါစေနဲ့။

    မာနသည် ကျရှုံးမှု၏ ရှေ့တော်ပြေး ဖြစ်သည်။

    နေဝင်ချိန် တိမ်တောက်ဖို့ လိုပါသည်။

    ဒုစရိုက်ကိုဘဲ မုန်း၊ လူကိုတော့ မမုန်းနဲ့။

    စိတ်ကူးဉာဏ်သည် ကမ္ဘာကြီးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိ၏။

    မခုန်ခင် အရင်ကြည့်။

    ကျရှုံးခြင်းလား? လှေကားထစ်လား? စဉ်းစား။

    ဆင်စွယ်မှန်လျှင် ပိုးမစားပါ။

    ကုလားထိုင်နှစ်လုံး ထိုင်ဖို့ ကြိုးစားရင် ကြားထဲ လိမ့်ကျလိမ့်မယ်။
    တစ်လုံးကိုဘဲ ပြတ်ပြတ်သားသား ရွေး။

    ခြင်များလျှင် လူသေတတ်သည်။
    ချင်များလျှင် ဘဝသေတတ်သည်။

    ဆရာတပည့်၊ ကျေးဇူးသိ
    ကြီးဘိ လွန်ကဲ၊ ချမ်းသာမြဲ။

    ဘယ်သူ ကဲ့ရဲ့ကဲ့ရဲ့၊ ဘုရား မကဲ့ရဲ့အောင်နေ။

    အောင်ပွဲနဲ့အတူ ပြန်လာမယ်။

    ဉာဏ်,သတိနှင့်၊ စိတ်မှာချင့်၊ ရလင့် အောင်ကြောင်းမှတ်။



    'အောင်မြင်ရေးသော့ချက်''
    ပုစ္ဆာနံပါတ်၊ ခုံနံပါတ်၊ ပြတ်သားမှန်မှု၊ သတိပြု။

    ဖြေခါနီးမှာ၊ စိတ်ကိုသာ၊ ပြင်ပါ အောင်ကြောင်းမှတ်။

    လွယ်သည့် ပုစ္ဆာ၊ ရှေးဦးစွာ၊ ဖြေပါ အောင်ကြောင်းမှတ်။

    စဉ်းစား, ဇွဲသန်၊ စည်းကမ်းမှန်၊ သုံးတန် အောင်ကြောင်းမှတ်။

    တစ်အုပ်တည်းမှ ယူသော် စောရ၊ စာအုပ်အများမှ ယူသော် ပဏ္ဍိတ။

    မပန် ယူသော် ဗာလ၊ ပန်၍ ယူသော် ပဏ္ဍိတ။

    အမည်းရောင် ပူဖောင်းလည်း ကောင်းကင်တက်ခွင့် ရှိတယ်။

    အောင်မြင်လိုလျှင် အောင်စိတ် ရှိရမည်။
    ယင်းအောင်စိတ်ကို ခဏခဏ နှိုးဆွပေးရမည်။

    ဖြစ်အောင် ကိုးစားလျှင် မဖြစ်သေးတာဘဲ ရှိမယ်။
    မုချဧကန် ဖြစ်လာမယ်။
    ဒါလေးကိုတော့ အမြဲ နှလုံးသွင်းထားဖို့ လိုတယ်။

    လိမ့်သော ကျောက်တွင် ရေမတင်

    မျှော်လင့်ချက် မရှိသော လူသည် လူသေနှင့် တူ၏။

    နိဗ္ဗာန် ဧကေ၊ ဒွေ ပညေ၊ လေးထွေ ဝါဏိဇ္ဇ။

    ရေတက် ငါးဇင်ရိုင်းလို မကျင့်နဲ့

    အစာငတ်ရင် တစ်ခဏ၊ စာငတ်ရင် တစ်ဘဝ ရှုံးပြီမှတ်။

    အချိန်အခါသည် သစ္စာတရား၏ သံတော်ဆင့် ဖြစ်သည်။
  
    ဉာဏ်,သတိနှင့်၊ စိတ်မှာချင့်၊ ရလင့် အောင်ကြောင်းမှတ်။

     စပါးစိုက်ချင်၊ လယ်ကွင်းပြင်၊ ကြိုတင် ထွန်ယက်ထားမှပေါ့။
    စာမေးပွဲတွင်၊ အောင်နိုင်ချင်၊ ကြိုတင် စာကျက်ထားမှပေါ့။

    ကံပင်ကောင်းလျက်၊ အပျင်းဖက်၊ တစ်သက် မချမ်းသာ။
    ဉာဏ်ပင်ကောင်းလျက်၊ အပျင်းဖက်၊ အထက် မမှန်းသာ။

    'အောင်မြင်ရေးသော့ချက်''
    ပုစ္ဆာနံပါတ်၊ ခုံနံပါတ်၊ ပြတ်သားမှန်မှု၊ သတိပြု။

    သဘင်, သူရာ၊ ပျိုကညာ
    ကမ္ဘာ့ငြောင့်ကြီး သုံးစင်းတည်း။

    ဖြေခါနီးမှာ၊ စိတ်ကိုသာ၊ ပြင်ပါ အောင်ကြောင်းမှတ်။

    စီးကရက်ခဲ စတိုင်၊ အဟုတ်ပဲထင်၊ ဘိုင်စကုတ်ပွဲဝင်
    နွားနဲ့ ရုန်းတဲ့၊ ဒင်းဖခင်ကို၊ သင်းက မမြင်၊ အံ့သြပါရဲ့လေး။

    အတွေ့အကြုံသည် အကောင်းဆုံးသော ဆရာ။

    ငယ်ငယ်မှာ ကိုယ့်ကိုယ်ကို ခိုင်းပါ။
    ငယ်ငယ်မှာ ကိုယ့်ကိုယ်ကို မခိုင်းရင် ကြီးလာတဲ့အခါ
    သူများခိုင်းတာ ခံရမယ်။

    လွယ်သည့် ပုစ္ဆာ၊ ရှေးဦးစွာ၊ ဖြေပါ အောင်ကြောင်းမှတ်။

    စဉ်းစား, ဇွဲသန်၊ စည်းကမ်းမှန်၊ သုံးတန် အောင်ကြောင်းမှတ်။

    သင့်အောင်လက်မှတ်သည်
    သင့်အတွက် တစ္ဆေ သရဲ မဖြစ်ပါစေနှင့်။

    'ရှင်နာဂသိန်ထုံး''
    အမှိုက်ကိုပယ်၊ ပညာကြွယ်၏၊
    နာဂသိန်ထုံး နှလုံးမူပါ။

    ပိုးသားရွှေစင်လို ရိုးသားနေချင်ရင် အိမ်သာလောက်ဖြစ်မဲ့
    လိမ်ညာကောက်ကျစ်တဲ့ အလုပ်ကို ရှောင်။

    'စာပျော်ငှက်''
    စာဘယ်လောက်ခက်ခက်၊ စိတ်မပျက်
    ကြိတ်လျက်အော်ကာ၊ ငါပျော်ပါမည်
    ငါသည် ဘဝအတွက်၊ စာပျော်ငှက်။

    နေသလို ဖြစ်တဲ့ ဘဝမှာ ဖြစ်သလို မနေပါနဲ့။

 'အဓိကနှင့် ပထမ''
    ပညာရေးသည် အဓိကကျသကဲ့သို့ ကိုယ်ကျင့်တရားသည်လည်း ပထမဖြစ်၏။
    အဓိကကျသော ပညာရေးကြောင့် ပထမဖြစ်သော ကိုယ်ကျင့်တရား မပျက်ပါစေနှင့်။

    ဇယနဲ့ ပရာဇယဆိုတာ . . .

    ထရံတစ်ချပ်ပဲခြားတယ်။ ကြိုးစားစမ်းပါ။

    'စာကို ရည်ရွယ်ချက်နဲ့ဖတ်''
    ဘာစာမှ မဖတ်တာနဲ့ စာရင် အပေါစားလည်း မဆိုးဘူး။
    ဒါပေမဲ့  . . . မင်းခေါင်းက သိပ်ကောင်းတယ်၊ ပိုကောင်းတာတွေ ထည့်စမ်းပါ။
    ဝိနည်း, သုတ္တန်, အဘိဓမ္မာ, ဗဟုဿုတ ကြိုက်တာတော့ ရွေးပေါ့။
    ဒါပေမဲ့  . . . အကျိုးရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလေးအနက် ဖတ်စမ်းပါ။

    စာမေးပွဲဆိုတာ နှစ်ခါပြန်ဖြေလို့
    ကောင်းတဲ့အရာမမျိုး မဟုတ်ဘူး။

    ဖြစ်ပေါ်နိုင်တဲ့ အနေအထားအတွက် ကြိုပြင်ပြီးသူဟာ တိုက်ပွဲကို အောင်နိုင်သူ။

    ကြေညက်အောင်
    ထွန်ယက်မထားတဲ့ လယ်ကွက်
    သီးနှံကောင်း မထွက်။

    စိတ်ကူးယဉ် အိပ်မက်လှလှလေးတွေကို
    ဘယ်တော့မှ မပျောက်ပျက်သွားစေနဲ့။

    'အကျိုးနဲ့ အကန်း''
    တွေးခေါ်မှု မပါသော သင်ကြားနည်းသည် အကျိုး။
    သင်ကြားနည်း မပါသော တွေးခေါ်မှုသည် အကန်း။

    မင်းတကယ် ကြိုစားစမ်းပါ၊ မအောင်မြင်စရာ မရှိဘူး။
    မုချ အောင်မြင်မယ်၊ မကြိုးစားတော့ဘူးဆိုမှ
    တကယ်ရှုံးသွားတာကွ။

    'ရှောင်ရန် ဆောင်ရန်''
    ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို ရှောင်။
    သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို ဆောင်။

    'ရွှေစကား''
    ရတနာဖြစ်တဲ့ ရွှေအစစ်က စကားပြောတယ် . . .
    ငါ့ကိုလေ မှတ်ကျောက်နဲ့ တိုက်ချင်လည်း တိုက်၊
    ငရဲမီးနဲ့ စိမ်ချင်လည်း စိမ်၊ နန်းဆွဲချင်လည်း ဆွဲ၊
    အဲ့ဒီလို လုပ်ပြီး ရွှေစစ်/မစစ်ကို စစ်ဆေးကြည့်ပါ။
    ဘာမဟုတ်တဲ့ ရွေးစေ့လေးနဲ့ ချိန်ချိန်ပြီးတော့
    တန်ဖိုး မဖြတ်လိုက်စမ်းပါနဲ့၊ ငါနာလွန်းလို့ပါတဲ့။

    ဆိုင်းဘုရင် စိန်ဗေဒါကြီး ပြောဘူးတယ်။
    မနေ့က စိန်ဗေဒါကို ဒီနေ့ စိန်ဗေဒါက ပြိုင်နေတယ်တဲ့။

   တေးဆိုကာ၊ အမေ သိပ်သော်လည်း
        သားအိပ်မှ ပျော်မည်ပင်။
    နည်းဆိုတာ၊ ဘယ်လိုပင် ကောင်းသော်လည်း

    ကြိုးစားမှ အောင်မည်ရှင်။

    အဇာတသတ်နဲ့ ဒေဝဒတ်
    ငါတို့ထက် သာသွားတာ ဘာကြောင့်လဲ?
    အမှားကို မြင်အောင် ကြည့်တတ်တဲ့ မျက်စိနဲ့
    ဝန်ချတောင်းပန်ရဲတဲ့ သတ္တိ ရှိလို့ဘဲ။

    ရောဂါပြင်းလျှင် ဆေးရှိသည်၊ လူပျင်းလျှင် ဆေးမရှိ။

    လူ့ဘုံဆိုတာ လုံ့လဝီရိယ ဘုံကြီးပါ။

    ရောမမြို့ကြီးကို တစ်ရက်တည်းဖြင့် တည်ဆောက်ခဲ့သည် မဟုတ်။

    သူများထက် ပိုတော်တယ်ဆိုတာ
    သူများထက် ပိုကြိုးစားလို့ပါ။

    လူတော်ဆိုတာ . . .
    ကြုံတွေ့လာတဲ့ အခက်အခဲကို ရိုးသားစွာဖြင့်
    ကြိုးစားမှုနဲ့ ကျော်ဖြတ်နိုင်တဲ့သူ။

    ဘုရားနဲ့နေ ဘုရားလူ၊ တရားနဲ့နေ တရားလူ၊
    မယားနဲ့နေ မယားလူ၊ အလကားနေ အလကားလူ။

    'တု၊ တူ၊ တူး''
    တုလျှင် တူမယ်။
    ဒါပေမဲ့ 'တူး''ပဲ ဖြစ်မယ်။
    'ဝမ်း''မဖြစ်ဘူး။

    နိက္ခမကြီးက ပြောဘူးတယ် . . .
    ညဝါ ညဝါနဲ့ ဘာများ အောက်မေ့တယ်၊
    သဂြို,သဂြိုတွေချည်းဘဲကိုး . . .တဲ့။

    ဘဝဆိုတာ ဘူဓာတ်၊
    ဘူဓာတ်သည် ဖြစ်ခြင်းအနက် ဟော၊
    ဒါကြောင့် ဖြစ်အောင် လုပ်တာ ဘဝ။

    တစ်စင်းတည်း၊ ဒါပေမယ့် . . . လ

    လမင်းကြီးကို တိမ် အမြဲမဖုံးနိုင်ဘူး။

    မဖြစ်သေးတဲ့ အရာကို
    စိတ်ကူးနဲ့ မောနေမဲ့ အစား
    အကောင်အထည် ဖော်ကြည့်လိုက်ပါ
    လက်တွေ့ သိလာလိမ့်မယ်။

    'ဗု''မသိ၊ 'ဘ''မသိဆိုတာ
    ဗုဒ္ဓမှန်း မသိ၊ ဘဂဝါမှန်း
    မသိလို့ ပြောတာ။

    လုပ်ချင်တာထက် လုပ်သင့်တာ လုပ်ဖို့ အရေးကြီးတယ်။

    မိုးကောင်းကင်ထက်မှာ နေတစ်စင်း, လမင်းတစ်ဆူ မဖြစ်တောင်မှ
    ကိုယ့်လူကို ကြယ်တစ်ပွင့်လောက်တော့ ဖြစ်စေချင်တယ်။

    တစ်အုပ်တည်းမှ ယူသော် စောရ၊ စာအုပ်အများမှ ယူသော် ပဏ္ဍိတ။

    မပန် ယူသော် ဗာလ၊ ပန်၍ ယူသော် ပဏ္ဍိတ။

    အောင်မြင်သူတိုင်း အလုပ်ကို သေသေချာချာ လုပ်ကြသည်။

    ရိုးသားခြင်းဆိုတာ  . . .
    အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပဲ။

    'ယုံကြည်စမ်းပါ''
    ငါလုပ်ရင် ဖြစ်တယ်။
    ငါ့မှာ အရည်အချင်း ရှိတယ်။
    ငါ . . . အောင်မြင်ရမယ်။

    တက်ခေတ်မှာ ပညာ၊ ဆုတ်ခေတ်မှာ ဥစ္စာ။

    အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်။

    မြင်နေရတဲ့ မိုးကောင်းကင်ထက် မြင့်သော မိုးကောင်းကင်
    မြင်နေရတဲ့ တောင်တန်းထက် မြင့်သော တောင်တန်းတွေ
    အများကြီး အများကြီး ရှိသေးတယ်။

  

    ဗူးပင်လို မကျင့်နဲ့၊ ထန်းပင်လို ကျင့်ပါ။

    ဒါယကာ အလိုလိုက်၍ ကျင့်လျှင် ဒါယကာ၏သား ဖြစ်မည်။
    မင်းအလိုလိုက်၍ ကျင့်လျှင် မင်း၏သား ဖြစ်မည်။
    ဘုရားအလိုတော် လိုက်၍ ကျင့်မှသာ ဘုရားသားတော် ဖြစ်မည်။

    ဘဝကို ဆုတ်ယုတ်စေသော ခြေနှင့်လက်ကား . . .
    ဆင်ခြေ+ဆင်လက်။

    'အပ္ပမာဒေန သမ္ပာဒေထ''
    ကိုယ့်ဘဝလေးတော့  . . .. ကိုယ်မမေ့ကြဖို့ လိုတယ်နော်။

    ငါးသိုင်းချိုလို့ ဟင်းချိုတာ၊ မှိုနတိုက မယောင်နဲ့။

    အမည်းရောင် ပူဖောင်းလည်း ကောင်းကင်တက်ခွင့် ရှိတယ်။

    သည်းခံရခြင်းသည် ခါးသီး၏။ သို့သော် . . .
    ထိုအသီးအပွင့်ကား အလွန် ချိုမြိန်၏။

    စကား ရွေ့လန်၊ မှားမေ့ကျန်သော်
    လျင်မြန်လှောက်ကူ၊ ပြင်တော်မူရှင့်။

    အသား တစ်မျိုးတည်းနဲ့
    ဟင်းကောင်းတစ်ခွက် မဖြစ်ဘူး။

    ကွက်လပ်ဖြည့်ဖို့ ဒီနေရာလေးကို ကျွန်တော်တို့ ရောက်လာတယ်။
    ဒါပေမဲ့ . . . ကျွန်တော်တို့လည်းလေ ပုထုဇဉ်သာမို့ ကွက်လပ်တွေနဲ့ပါ။

    ရှိခြင်းရဲ့ တန်ဖိုးကို မရှိတဲ့ အချိန်မှ မတမ်းတနဲ့၊
    ရှိတဲ့ အချိန်မှာဘဲ နားလည်စေ။

    'အမေ''
    ဗုဒ္ဓမြတ်စွာ၊ မဟာဘုရင်
    သခင်ယောကျာ်း၊ ထိုသူများကို
    မွေးဖွားသူမှာ၊ မိန်းမသာတည်း။

    အောင်မြင်လိုလျှင် အောင်စိတ် ရှိရမည်။
    ယင်းအောင်စိတ်ကို ခဏခဏ နှိုးဆွပေးရမည်။

    ဓားတိုရင် ဓားရှည် မတောင်းနဲ့၊
    ရှေ့တစ်လှမ်း တိုး၍ ခုတ်။

    လူတော်တော်များဟာ စဉ်းစားရမှာကို
    သေရမှာထက် ကြောက်တယ်။
    မစဉ်းစားဘဲ သေတဲ့သူတွေသာ များတယ်။
    လောကကြီးမှာ ပညာရှိတွေ ရှားတာ
    အဲ့ဒါကြောင့် . . .

    ပနှင့်ဖ အလွန်နီးသည်။ ထို့ကြောင့် ပျင်းလျှင် ဖျင်းတတ်သည်။

    မုန်တိုင်း မရှိသော ပင်လယ်ပြင်
    ကျွမ်းကျင်သော သင်္ဘောသား မွေးမထုတ်နိုင်။
    (အခက်အခဲ ရှိမှ တိုးတက်သည်)

    ဖြတ်တောက်မှု မခံသော သံ လက်နက်မဖြစ်။
    အထုအဆစ် မခံသော ကျောက် အရုပ်မဖြစ်။
    ဆိုဆုံးမ မခံသော တပည့် သူကောင်းမဖြစ်။

    ဖြစ်အောင် ကြိုးစားလျှင် မဖြစ်သေးတာဘဲ ရှိမယ်။
    မုချဧကန် ဖြစ်လာမယ်။
    ဒါလေးကိုတော့ အမြဲ နှလုံးသွင်းထားဖို့ လိုတယ်။

    ဇွဲသတ္တိ နည်းသူ၏ လမ်းကြောင်းသည် မြစ်များ, ချောင်းများကဲ့သို့ ကောက်ကွေ့၏။

    ပန်းတစ်ပွင့် ရရုံဖြင့် ကျေနပ် မနေပါနဲ့။
    ရှေ့မှာ . . . ပန်းဥယျာဉ်ကြီး ရှိသေးတယ်။

    အနေအထိုင် ရိုးပါစေ၊ ပညာရေး ခေတ်မီစေ။

    ကောင်းသော အကြံဉာဏ်ကို ပြောဆိုခွင့် ရှိပါလျက်
    ဆိတ်ဆိတ်နေခြင်းသည် ယုတ်မာကောက်ကျစ်ခြင်း မည်၏။

    စိတ်ဓာတ်ကို ကုန်ဈေးနှုန်းနဲ့ အညီ လိုက်တက်စမ်းပါ။

    အမြဲ အောင်မြင်နေတယ်၊ အဲ့ဒီလူကို  . . ... လူတော်။
    အကြိမ်ကြိမ် လဲတယ်၊ ဒါပေမယ့်  . . . အကြိမ်ကြိမ် ပြန်ထနိုင်တယ်၊
    အဲ့ဒီလူကို လူတော်ထက်သာတဲ့ လူစွမ်းကောင်းလို့ ခေါ်တယ်။

    အားငယ်စိတ် ငယ်ထိပ်တက်လျှင် အောင်နိုင်သူ
    စာရင်းထဲမှာ သင့်ကို ထည့်ထားဖို့ မလိုတော့ဘူး။

    'တွေးတော်မူ''
    လွင်ပြင်မှာ ပေါက်တဲ့ မြက် . . .
    ကြည့်ရင်းကြည့်ရင်းနဲ့ ကြည်နူးမိတယ်။
    အုတ်ကြားမှာ ပေါက်တဲ့ မြက် . . .
    ကြည့်ရင်းကြည့်ရင်းနဲ့ ဂုဏ်ယူမိတယ်။

    မာန မထားနဲ့၊ မာန်သာ ထား။

    မိတ်ဆွေ  . . .
    ရွှေအိုးကြီး ဝမ်းနုတ်ဆေး ဘယ်လောက်ကောင်းကောင်း
    ညှစ်အားလေးတော့ စိုက်ဖို့ လိုတယ်နော်။

    အလုပ် မရှိလျှင် ဘဝ မရှိ။

    ဘဲငန်းလို မကျင့်နဲ့၊ မြင်းလိုကျင့်။

    လှုပ်ရှားတဲ့လူ ခလုတ်တိုက်၍ ခဏတော့ လဲတတ်သည်။
    ခလုတ်တိုက်၍ ခဏလဲခြင်းကား ကျဆုံးခြင်းတော့ မဟုတ်ချေ။

    လိမ့်သော ကျောက်တွင် ရေမတင်

    မျှော်လင့်ချက် မရှိသော လူသည် လူသေနှင့် တူ၏။

    တစ်ကျမ်းကြည့်ရုံ၊ စာမစုံဘူး
    အာဂုမ်ကိုး၍၊ မငြင်းနဲ့။

    သောကကို ကလေးလို မမွေးနဲ့၊ ကြီးလာတတ်သည်။

    စကား ရွေ့လန်၊ မှားမေ့ကျန်သော်
    လျင်စွာလှောက်ကူ၊ ပြင်တော်မူရှင့်။

    ဆူးသာ မှန်ပါစေ၊ အချိန်တန်တော့ အိတ်ထဲမှ ဖောက်ထွက်သည်။

    စာရေးတယ်ဆိုတာ တခြား မဟုတ်ဘူး၊ ကိုယ့်နှလုံးသွေးကြောကို ဖောက်ချလိုက်တာဘဲ။

    'တစ်ယူသန်''
    တစ်ယူသန်ဆိုတာ တစ်ယူတည်းသိလို့ သန်တာ။
    နှစ်ယူ,သုံးယူ သိလျှင် မသန်တော့ဘူး။
    စာချတန်းဆိုတာ တစ်ယူသန်လို့တော့ . . .

    စာချတန်းအသက် အနက်

    နိဗ္ဗာန် ဧကေ၊ ဒွေ ပညေ၊ လေးထွေ ဝါဏိဇ္ဇ။

    ရေတက် ငါးဇင်ရိုင်းလို မကျင့်နဲ့

    အစာငတ်ရင် တစ်ခဏ၊ စာငတ်ရင် တစ်ဘဝ ရှုံးပြီမှတ်။

    သဘာဝ, အာဂမ, ဒဿန, ဟာသ
    ဒီလေးမျိုးကို အချိုးကျကျ ပေါင်းစပ်နိုင်မှ
    ကောင်းမြတ်တဲ့ စာချကောင်း ဖြစ်မယ်။

    သာသနာတော်နှင့် ကြုံတွေ့ရသော
    မျက်စိနှင့် နားတို့၏ တန်ဖိုးသည် အဖိုးမဖြတ်နိုင်။

    အမှားလေးတွေ တွေခဲ့လျှင်ဖြင့် ခဲဖျက်လေးတွေ ထုတ်ခဲ့တဲ့ သူကို သတိရပါ။

    ကျချင်တာတွေ ကျပလေ့စေ။
    ဒါပေမဲ့  . . . စိတ်ဓာတ်တော့ မကျစေနဲ့။
    စိတ်ဓာတ်ကျရင် အမြန်ပြန်ကောက်တင်လိုက်။

    ခွေးလို မကျင့်နဲ့၊ ဒေါင်းလို ကျင့် . . . တဲ့။
    ဒေါင်းလို မကျင့်နဲ့၊ ခွေးလို ကျင့် . . . တဲ့။
    သီလက္ခန်က ပြောတယ်၊ ငှက်လို ကျင့်ကွဲ့။

    အပြောနဲ့ ကဲ့ရဲ့တတ်သူကို အလုပ်နဲ့ အနိုင်ယူပါ။

    ရဟန်းဟူသည် ကြက်မကြီးလိုလည်း ကျင့်ရသည်။
    ရဟန်းဟူသည် ကြက်ဖကြီးလိုလည်း ကျင့်ရသည်။

    ဘဝကြိုးဝိုင်းထဲမှာ ဒုက္ခကို ဇွဲနဲ့ အလဲထိုး အနိုင်ယူပါ

    မျက်မွေးတဆုံး ကြည့်သောသူ လူညံ့။
    မျက်စိတဆုံး ကြည့်သောသူ လူလတ်။
    မျက်မှိတ်တဆုံး ကြည့်သောသူ လူတော်။

    'နားလည်ပေးပါ''
    ကျွန်တော့်မှာ ဘာမျှမရှိပါ။
    သို့သော် ရှိအောင်လုပ်ဖို့
    အစွမ်းကုန် ကြိုးစားနေပါတယ်။
    ဒါလေးကိုတော့ . . .

    အခက်ဆုံး အလုပ်ဟူသည် ဘာမျှ မလုပ်ခြင်းသာ ဖြစ်၏။

    ကိုယ့်ဘဝ ကိုယ်သိ၊ ကိုယ့်အား ကိုယ်ကိုး။
    လဲရင် ပြန်ထ၊ ဒါဘဝဘဲ။

    'နီတိ''
    ဖတ်တတ်ချင်လျှင် များများဖတ်၊
    ပြောတတ်ချင်လျှင် များများပြော၊
    ရေးတတ်ချင်လျှင် များများရေး.တဲ့၊
    သို့သော် . . . ဆရာနှင့် နည်းစနစ်ကောင်း
    ဒီနှစ်မျိုးနှင့်တော့ ပေါင်းဆုံမိဖို့ လိုတဲ့အကြောင်း
    ထပ်လောင်းလို့တော့ ပြောပါရစေ။

    တစ်တော တစ်ကြက်ဖရယ်လို့ တွန်ချိန်ရောက်ရင်ဖြင့်
    အောက်အီးအီးအွတ်လို့ ကြက်ဖသံကြီး ပီပီသသနဲ့ တွန်နိုင်အောင်
    ခုထဲက သေချာ ကြိုးစားထားဖို့တော့ လိုတယ် ငါ့ရှင်။
    အဲ့ဒီအချိန်ရောက်မှ ကတော့် ကတော်နဲ့ ကြက်မ အသံထွက်ရင်ဖြင့် . . .

    ကွက်လပ်ဖြည့်ဖို့ ကျွန်တော် ရောက်လာတယ်။
    ကျွန်တော် ကိုယ်တိုင်လည်း ပုထုဇဉ်သာမို့ . . .

             'အတက်''
    ၁။ ဆွဲတက် (မခိုင်လျှင် ပြုတ်ကျမည်။)
    ၂။ နင်းတက် (စူးတတ်သည်။)
    ၃။ လျှောက်တက် (သင့်သည်။)
    ၄။ ထမ်းတက် (အာဇာနည် တက်နည်းဖြစ်သည်။)

    အောက်တန်းအကျဆုံးကား . . .
    စိတ်ဓာတ် အောက်တန်းကျခြင်းသာတည်း။

    လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းဘဲ။

    လျှာမငြိမ်တဲ့ဒဏ် လည်ပင်းခံရတယ်။

    ညောင်သံပေးလွန်းတဲ့ကြောင် သားကောင် ရှာမရ။

    မိတ်ဆွေကောင်း တစ်ဦး၏ တန်ဖိုးသည် အဖိုးမဖြတ်နိုင်။

    နှောင့်နှေးသော သူသည် အဆုံးရှုံး မြန်၏။

    အလုပ် မလုပ်သော သူသည် မာရ်နတ်၏ အပေါင်းအသင်း ဖြစ်သည်။

    သင်္ချိုင်းရောက်လျှင် အိပ်ရေးဝဝ အိပ်ရမည်။

    ဥ မဥဘဲ မကတော်နဲ့။

    သူများပါးစပ်နဲ့ လမ်းမဆုံးသင့်။

    လှန်သော လက်မှသည် မှောက်သော လက်ဆီသို့ ရောက်အောင် လှမ်းနိုင်စေ။

    ကုသိုလ်လုပ်ရာ အကုသိုလ် မပါစေနဲ့။

    မာနသည် ကျရှုံးမှု၏ ရှေ့တော်ပြေး ဖြစ်သည်။

    နေဝင်ချိန် တိမ်တောက်ဖို့ လိုပါသည်။

    ဆင်ပြောင်ကို ယင်ကောင်နားတာ အားသာလို့ မဟုတ်။

    မငဲ့နဲ့၊ ငဲ့ရင် စောင်းရော၊ စောင်းရင် မှောက်ရောဘဲ။

    အသံတိတ် စာချခြင်းဟူသည် . . . ကျမ်းပြုခြင်းပင် ဖြစ်၏။

    ဒုစရိုက်ကိုဘဲ မုန်း၊ လူကိုတော့ မမုန်းနဲ့။

    စိတ်ကူးဉာဏ်သည် ကမ္ဘာကြီးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိ၏။

    မခုန်ခင် အရင်ကြည့်။

    ကျရှုံးခြင်းလား? လှေကားထစ်လား? စဉ်းစား။

    ဆင်စွယ်မှန်လျှင် ပိုးမစားပါ။


    ကုလားထိုင်နှစ်လုံး ထိုင်ဖို့ ကြိုးစားရင် ကြားထဲ လိမ့်ကျလိမ့်မယ်။
    တစ်လုံးကိုဘဲ ပြတ်ပြတ်သားသား ရွေး။

    ခြင်များလျှင် လူသေတတ်သည်။
    ချင်များလျှင် ဘဝသေတတ်သည်။

    ဇဉ်တဲ့။ (ပုထုဇဉ်)
    ဇင်းဆိုတာတော့ မမေ့နဲ့နော်။ (မောင်ပဉ္ဇင်း)

    အရာအားလုံးကို သင်မေ့တာ ပြဿနာ မဟုတ်၊
    ဘုရားကို မေ့လျှင်တော့ သင်မှားမည်။

    တွေးသည့်အခါ ပညာရှိလို တွေးပါ။
    ပြောသည့်အခါ သာမန်လူလို ပြောပါ။

    အနာဆိုးသာ ပြန်ကောင်းနိုင်တာ။
    နာမည်ဆိုးကတော့ ကိစ္စတုံးဘဲ။

    သင့်အား အသေ မချေမှုန်းနိုင်သော အရာသည်
    သင့်အတွက် ခွန်အားကို ပေးလိမ့်မည်။   

    ကောင်းမွန်သော ဦးခေါင်းတစ်လုံးသည်
    သန်မာသော လက်တစ်ရာထက် သာလွန်၏။

    ပျင်းရိခြင်းသည် အသွား နှေး၏။ ထို့ကြောင့် . . .
    ဆင်းရဲခြင်းသည် လျင်မြန်စွာ ကျော်တက်သွား၏။

    လက်ထဲမှ ငှက်တစ်ကောင်သည် ချုံဖုတ်ထဲမှ
    ငှက်နှစ်ကောင်ထက် ပို၍ တန်ဖိုးရှိ၏။

    အသက်ကြီး၍ အသိမကြီးလျှင် လူအို။
    အသက်မကြီးသော်လည်း အသိကြီးလျှင် လူကြီး။

    ပြောင်လျှင် ပျက်တတ်သည်။ (အပြောင်အပျက်)
    အပျော်မတတ်လျှင် ဘဝ လုံးပါးပါးတတ်သည်။ (အပျော်အပါး)

    ဆိတ် ဆန်အိတ်ထမ်းသော် မရ။
    ဆင် ဆန်အိတ်ထမ်းသော် မလှ။   

    'အခက်အခဲ''
    ခက်ရင် ခဲလိုက်၊ လွယ်သွားမယ်။

    ခတ်ကျွဲမှန်ရင် ချိုချက် မကင်းဘူး။
    သူရဲကောင်းမှန်ရင် ဒဏ်ရာဒဏ်ချက် မကင်းဘူး။


    'ကျောက်တုံးမှ ခြေနင်းတုံးသို့''
    ကြုံရတဲ့ ခလုပ်ကန်သင်းတွေကို လှေကားထစ်တွေအဖြစ် ပြောင်းလဲနိုင်ရမယ်။
    တိုက်မိတဲ့ ကျောက်တုံးတွေကို ခြေနင်းတုံးတွေအဖြစ် အသုံးပြုတတ်ရမယ်။

    'လေထဲမှ တိုက်အိမ်''
    လေထဲ တိုက်အိမ်ဆောက်ပါ၊ပြီးတော့မှ
    အောက်က အုဌ်မြစ်ခံလိုက်စမ်းပါ။    'အတွေး''
    အတွေးပြော့လျှင် တန်ခိုးသတ္တိပြော့၏။
    အတွေးထက်လျှင် တန်ခိုးသတ္တိထက်၏။

    'အရှုံး/အနိုင်''
    ရှုံးလိမ့်မည်ဟု ကြောက်ရွံ့စိုးရိမ်သူသည်
    ဧကန်ရှုံးမည့်သူသာ ဖြစ်၏။

    'သောတုဇနဘဝ''

    'မောဃပုရိသ''
    ကိစ္စများသူ စ ပျင်းရိသူ၊ ရောဂါများသူ ဣမေ တယော။
    ပရိယတ္တိံ သိက္ခန္တာပိ၊ မတတ်ဘူးဣတိ မှတ်ကြလော။

    တစ်လောကလုံးရှိ အမှောင်ထုသည်
    ဖယောင်းတိုင် မီးတောက် တစ်ခုကိုမျှပင်
    ငြိမ်းသတ်နိုင်စွမ်း မရှိ။

    ဘုန်းကြီးနှစ်ပါး ကျောင်းလုတယ်။ ဘာနဲ့ တူလဲ?
    လူ မလိုချင်လို့ စွန့်ပစ်လိုက်တဲ့ မစင် (ကျင်ကြီး)ကို
    ခွေးနှစ်ကောင် မာန်စောင်လို့ လုနေတာနဲ့ တူတယ်ဗျ။

    'လုံ့လအကျိုး''
    လုံ့လမမူ၊ နတ်မကူဘူး၊
    လူလည်းလုံ့လ၊ နတ်လည်းမရှင့်။


    အမိဝမ်းမှ မွေးဖွားရုံမျှဖြင့်
    မနုဿတ္တဘာဝ ဒုလ္လဘအစစ် ဧကန် ဖြစ်သည်ကား မဟုတ်။
    ဗုဒ္ဓ၏ ဓမ္မဖြင့် တစ်ဖန် မွေးဖွားမှသာလျှင်
    မနုဿတ္တဘာဝ ဒုလ္လဘအစစ် ဧကန်ဖြစ်တော့၏။

    'အိပ်မက်လှလှ မက်တတ်စေ''
    ဒုံးပျံတွေ, လေယာဉ်ပျံတွေ, ဂြိုဟ်တုတွေရဲ့ အစဟာ စိတ်ကူးယဉ် အိပ်မက်ပါ။
    လက်တွေ့ ဟူသမျှ စိတ်ကူးယဉ် အိပ်မက်က စခဲ့တာ။
    ဒါကြောင့်  . . . ကြီးမားတဲ့ စိတ်ကူးယဉ် အိပ်မက်လှလှလေးတွေ များများမက်ပေးပါ။

    ကဲ . . . အမှန်အတိုင်း မိန့်တော်မူစမ်းပါ။

    လူသည် မနက်ထက် ညမှာ ပညာ ပိုရှိရမည်။
    မနေ့ကထက် သည်ကနေ့ အသိဉာဏ် သာရမည်။
    အသက် ကြီးလာသည်နှင့်အမျှ ဦးနှောက် အလေးချိန် ပိုစီးရမည်။
    သည်အတွက် ဘာလုပ်ရမည်နည်း?
    တစ်နည်းသာ ရှိသည်၊ စာဖတ်ပါ။


    စာသင်သားဟူသည် . . . ခွက်လို မကျင့်ရ၊ ရေလို ကျင့်ရမည်။
    (လေးထောင့်ခွက် အဝိုင်းထဲ ဝင်၍ မရ။
    အဝိုင်းခွက် လေးထောင့်ထဲ ဝင်၍ မရ။
    ရေ ဘယ်နေရာဖြစ်ဖြစ် ဝင်၍ ရသည်။)


    'ပခုက္ကူသီလက္ခန်နိသျသစ်ကျမ်းပြု ဆရာတော်ဦးနန္ဒဝံသထေရ်မှ
     ဓမ္မကထိကဖြစ်မည့် ဉာဏဒီပ ဦးဇဋိလအား ဆုံးမသော သြဝါဒ''
    ကျောင်းတိုက်ကို အရင်ရောက်တိုင်း စာတတ်ကြေးဆိုရင်
    ကျောင်းတိုက်ရဲ့မြောက်ဘက် နာရီစင်နားက မန်ကျည်းပင်ကြီးဟာ
    ဒို့အရင် စောရောက်တာပဲ၊ သူစာတတ်ပါတော့လား ဇဋိလရဲ့
    လက်ရွေးစင်

    ဖတ်,မှတ်ရုံမျှနဲ့ အဆုံးသတ်တာ
    ဒဿန အစစ်တော့ မဟုတ်ဘူး ကိုယ့်လူ။

    အရွတ် အသားလောက် မကောင်းဘူး။   

    စားဖို့အတွက် မလုပ်နဲ့၊ လုပ်ဖို့အတွက်သာ စားပါ။

    ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်တယ်တဲ့။
    ဆုတ်တဲ့ ခြေလှမ်း ချောက်ထဲ ကျလို့ကတော့  . . .

    တောင်မြို့ ဆရာတော်ကြီးလည်း
    မောင်ဌေးလွင် ဘဝတုန်းက
    ၁၉၁၃-ခုနှစ် ပထမငယ်တန်းကို ကျဘူးတယ်။

    အကယ်၍ သင်ဟာ မှားယွင်းတဲ့
    လမ်းကြောင်းကို လျှောက်ခဲ့မိပြီဆိုရင်
    ဘုရားသခင်က 'ဂ''ငယ်ကွေ့ ပြန်ကွေ့ဖို့ ခွင့်ပြုပါတယ်။

    အချိန်ကို ဖြုန်း၊ ငွေကို သုံး၍၊ လုံးဝ စာပေ
    မသင်ချေက၊ မိဘ, ဆရာ၊ ညာတကာကို
    ညှာတာမထောက်၊ ညာရာရောက်၏။

    စာမတတ်မူ၊ အခေါက်ထူ၊ လူထဲ, ရှင်ထဲ သုံးမကျ။
    စာတတ်ပြန်လျှင်၊ စိတ်ကြီးဝင်၊ လူမြင်တိုင်းက အော့အန်ကြ။
    သို့မဖြစ်အောင်၊ သတိဆောင်၊ အမောင် ခဲပါမှ။   

    လုံမပျိုရဲ့ သောက်ရေအိုးလေး ချဖန်များတော့
    မာကျောလှပါတယ်ဆိုတဲ့ ကျောက်ဖျာကြီးမှာတောင်
    'ဝ''လုံးလေး ထင်ကျန်ရစ်တယ်။
    ကျက်ဖန်များရင် နုနယ်တဲ့ မင်းဥဏှောက်မှာ
    အက္ခရာတွေ ဘာကြောင့် မထင်ရမှာလဲ?
   နှုတ်ပိတ်နေရမည့်အချိန်ကို ကောင်းစွာ သိပါက 
ငါးပင်လျှင် ငါးမျှားချိတ် မမိနိုင်။

    သည်းခံရခြင်းသည် ခါးသီး၏။ သို့သော် . . .
    ထိုအသီးအပွင့်ကား အလွန် ချိုမြိန်၏။

    ရှိခြင်းရဲ့ တန်ဖိုးကို မရှိတဲ့ အချိန်မှ မတမ်းတနဲ့၊
    ရှိတဲ့ အချိန်မှာဘဲ နားလည်စေ။

    ကောင်းသော အကြံဉာဏ်ကို ပြောဆိုခွင့် ရှိပါလျက်
    ဆိတ်ဆိတ်နေခြင်းသည် ယုတ်မာကောက်ကျစ်ခြင်း မည်၏။  

    အနာဆိုးသာ ပြန်ကောင်းနိုင်တာ။
    နာမည်ဆိုးကတော့ ကိစ္စတုံးဘဲ။ 

    ပျင်းရိခြင်းသည် အသွား နှေး၏။ ထို့ကြောင့် . . .
    ဆင်းရဲခြင်းသည် လျင်မြန်စွာ ကျော်တက်သွား၏။

    'သောတုဇနဘဝ''
    ဆရာ မိဘ ဉတကာ စ၊ ဒါယကာ စ ရဟန်းဒကာ။
    ဣမေ ပဉ္စ မထောက်ပါက၊ ဆင်းရဲပါ၏ ပဝုစ္စတိ။

    တစ်လောကလုံးရှိ အမှောင်ထုသည်
    ဖယောင်းတိုင် မီးတောက် တစ်ခုကိုမျှပင်
    ငြိမ်းသတ်နိုင်စွမ်း မရှိ။

   ဘာမှ မပြုပြင်ဘဲ ထားတာကို ကြိုက်ကြတယ်တဲ့။
    မပြုပြင်ရင် တော၊ ပြုပြင်မှ ဥယျာဉ်။
    ဒီနှစ်ခုထဲမှာ ဘာကို ပိုကြိုက်လဲ?
    ကဲ . . . အမှန်အတိုင်း မိန့်တော်မူစမ်းပါ။

    စားဖို့အတွက် မလုပ်နဲ့၊ လုပ်ဖို့အတွက်သာ စားပါ။
အချိန်ကို ဖြုန်း၊ ငွေကို သုံး၍၊ လုံးဝ စာပေ
    မသင်ချေက၊ မိဘ, ဆရာ၊ ညာတကာကို
    ညှာတာမထောက်၊ ညာရာရောက်၏။

ရွှေညဝါ ဦးသုန်

        သင်ကြားဘူးမှာပါ ...
        အထုအနှက်ကင်းတဲ့ ထန်းပင်
        ဘယ်မှာ အချိုရည် ထွက်ပါ့မလဲ?
        များများအချိုရည် ထွက်စေချင်လျှင်
        များများ အထုအနှက် ခံရမှာပေါ့။
        သင်သိမှာပါ ...
        သံမဏိဆိုတာ သဘာဝတရားက
        အော်ရီဂျင်နယ် မွေးဖွားပေးလိုက်တာ မဟုတ်ဘူး၊
        လူသားတို့ရဲ့ အကြိမ်ကြိမ် ထုထောင်းရိုက်နှက်မှုကြောင့်
        မေမြို့ သံစိမ်းဘဝမှ မာကြောတဲ့ သံမဏိ
        ဖြစ်လာတာ မဟုတ်ဘူးလား။
        သင်တွေ့ဘူးမှာပါ ...
        မွန်းတည့်နေဆိုတာ
        သတ္တိမရှိတဲ့ သစ်သီးတွေကို
        နွမ်းရိ သွားစေတယ် ဆိုပေမဲ့
        သတ္တိရှိတဲ့ သစ်သီးတွေကို
        ပို၍ ပို၍ ဝင်းမှည့်စေတယ် မဟုတ်ဘူးလား။
        ဥယျာဉ်မရှိလည်း စိတ်ချ၊
        ဒီပန်းကတော့
        အစွမ်းကုန် ပွင့်လန်းနေဦးမှာပါ။
        လမ်းမရှိလည်း စိတ်ချ၊
        ဒီခြေဖဝါး အစုံကတော့
        အစွမ်းကုန် လမ်းသလားနေဦးမှာပါ။

        ကြုံရာအရပ်မှာ နေလည်း စိတ်ချ၊
        အလွယ်တကူနဲ့ အစိုဓာတ် မပြယ်တဲ့
        ''နဘဲသား''လို အချိန်တန်တော့
        အပင် ထပေါက်လာတာပဲ မဟုတ်ဘူးလား။
        ယုံကြည်စမ်းပါ၊ စိတ်ချစမ်းပါ ...
        ''ရွှေညဝါ ဦးသုန်''ဆိုတာ
        ဆောင်းအိပ်မက်လို မှုန်ရီဝိုးတဝါး
        ကသုတ်ကယက် ပျောက်ပျက်သွားမည့်
        ပန်းချီကားတစ်ချပ်တော့ မဟုတ်ဘူးနော်။