၁။ နေ့စဉ်ကောင်းမှု ကုသိုလ်တရားများ၌ မမေ့မလျော့ စဉ်းစားပါ။
၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကျိုးစားပါ။
၃။ ဘယ်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့ သတိထားပါ။
၎။ သင့်ကိုအကြောင်းပြုပြီး သူများစိတ် မဆင်းရဲပါစေနဲ့။
၅။ မိဘကို စားနိုင်တဲ့အခါ ကျွေးပါ သေမှ မငိုပါနဲ့။
၆။ သူများအပြစ်ကို မပြောနဲ့ ကိုယ်အပြစ်ကိုသာ ရှုပါ။
၇။ ဗြဟ္မစိုရ်တရား အမြဲပွားများ၍ ကိုယ်တွင်းသီလတရား မြဲပါစေ။
၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက် ရှိပါ။
၉။ ကြီးသူကိုရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ငယ်သူကိုသနားပါ။
၁ဝ။ မစူးစမ်းမဆင်ခြင်ဘဲ မပြောပါနဲ့၊ မလုပ်ပါနဲ့ အမြဲသတိထားပါ။
၁၁။ နေရာတိုင်းမှာ စိတ်သဘော ကြီးကြီးထားပါ။
၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၃။ စကားပြောသော အခါ၌ မျှမျှတတ ပြောဆိုပါ။
၁၄။ မိမိကိုယ်ကို နေ့စဉ် စစ်ဆေးမှ ကြီးပွားနိုင်သည်။
၁၅။ မကောင်းတဲ့ အကုသိုလ်စိတ်ရိုင်း စိတ်မိုက်များကို ပယ်ရှားပါ။
၁၆။ သူများကြီးပွားချမ်းသာ တာကို မနာလို မရှုစိမ့် မရှိပါစေနှင့်။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာ၍ကောင်းသည်။
၁၉။ မာနကိုနှိမ်ချ လူ၏တန်ဖိုးကို မြှင့်တင်ပါ၊ တာဝန်ကိုကျေပြွန်ပါ။
၂ဝ။ အရာရာမှာ စေတနာသန့်သန့်နဲ့ စိတ်ကောင်းတစ်ခုထားပါ။
၂၁။မွန်မြတ်သော ဝိပဿတရားကို အားထုတ်ဖြစ်အောင် ကျိုးစားပါ။
ု