''အိပ်မက်လှလှ''
အေးစက်ချမ်းမြေ့စွာအပြစ်ကင်းဆဲ
ခိုင်မြဲခြင်းအတွက် လက်နှစ်စုံ
အဖြူရောင်ရင်ခုန်သံများ
ရှင်းသန့်တဲ့ နှလုံးသားနှင့်သူ
ဝင်းပကြည်ဖြူစွာ ပြုံးလို့
အေးစက်ချမ်းမြေ့စွာအပြစ်ကင်းဆဲ
ခိုင်မြဲခြင်းအတွက် လက်နှစ်စုံ
အဖြူရောင်ရင်ခုန်သံများ
ရှင်းသန့်တဲ့ နှလုံးသားနှင့်သူ
ဝင်းပကြည်ဖြူစွာ ပြုံးလို့
နှစ်ဦးသားရဲ့ တွေဆုံမှုတိုင်းမှာ
'အပြုံးလေး'က
ဇာတ်ဝင်တေးတစ်ပုဒ်အဖြစ်
စိမ်းပျိုနုသစ်စွာ ပါဝင်မြဲပါ၊
အိပ်မက်တိုင်းမှာ သူအကြောင်းတွေ
စိတ်ကူးရွက်လှေ ကြည်နူးပျော်ရွှင်နေ ၊
သဘာဝရဲ့ စည်းတစ်ခုအောက်မှာ
နောက်ဆုံးမျှော်လင့်ချက်နှင့်
အိပ်မက်တစ်ပုဒ်မက်နေမိတယ် ၊
နိုးမထချင်ဘူး ' ကို 'ရယ်
မရိုးသားစွာ အကြင်နာပိုခဲ့မိတာတွေ
ဇာတ်ဝင်တေးတစ်ပုဒ်အဖြစ်
စိမ်းပျိုနုသစ်စွာ ပါဝင်မြဲပါ၊
အိပ်မက်တိုင်းမှာ သူအကြောင်းတွေ
စိတ်ကူးရွက်လှေ ကြည်နူးပျော်ရွှင်နေ ၊
သဘာဝရဲ့ စည်းတစ်ခုအောက်မှာ
နောက်ဆုံးမျှော်လင့်ချက်နှင့်
အိပ်မက်တစ်ပုဒ်မက်နေမိတယ် ၊
နိုးမထချင်ဘူး ' ကို 'ရယ်
မရိုးသားစွာ အကြင်နာပိုခဲ့မိတာတွေ
တစစီပြိုလဲသွားမဲ့ မနက်ခင်းကို
မလိုချင်လို့အိပ်မက်လှလှ သူ့ကမ္ဘာထဲ
မွေ့ လျော်ပျော်ပါရစေ.....။
၂ဝ၁၁ (ချစ်)