ဘ၀ရဲ့ပန်းချီကားတစ်ချပ်ကို အလှပဆုံးဖြစ်ဖို့အတွက် ကဗျာဆန်တဲ့လက်တွေနဲ့ ကျနော်ရေးဆွဲခဲ့ဖူးတယ် ဒါပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး တကယ်တော့ဘ၀ဆိုတာ အိပ်မက်မဟုတ်သလို စိတ်ကူးယဉ်ဖန်တီး ထားတာလည်းမဟုတ်ပါဘူး ပုံပြင်မဟုတ်သလို ဒဏ္ဍာရီလည်းမဟုတ်ခဲ့ပါဘူး လက်တွေ့ကျတဲ့ ရုန်းကန်လှုပ်ရှားမှု တစ်ခုပါ... မဝေးသေးတဲ့ တချိန်တုန်းကဘ၀ကိုဆန့်ကျင်ပြီး နှလုံးသားကိုအလိုက် အချစ်စိတ်ကိုကစားခဲ့ဖူးတယ် ရင်ခွင်မှာပူလောင်စွာ ခံစားဖူးတဲ့ ဝေဒနာဆူးတွေအတွက် ဘာတွေနဲ့ကုစားရမလဲ... အရိုးသားဆုံးဝန်ခံရလျင် အိပ်မက်လှလှမက်မိတဲ့ အချိန်တုန်းက လန့်နိုးမှာစိုးခဲ့တဲ့ ဆန္ဒတစ်စုံကို မိုးလင်းတဲ့အထိတည်ရှိနေစေချင်ခဲ့တာ.. တူနှစ်ကိုယ်ပေါင်းစီးဖို့ ကံကြမ္မာတံတိုင်းကြီးက စည်းတစ်ခုလို ခြားထားတော့ မဖြစ်နိုင်ဘူးဆိုတဲ့အသိ ကိုယ်စီ ရှိနေခဲ့ကြပေမယ့် ၀မ်းနည်းစွာ လမ်းခွဲဖို့ အတွက် နှစ်ဖက်စလုံးက မဖြစ်နိုင်တဲ့တူညီသော အကြောင်းပြချက် တစ်ခုပါ... အလွမ်းဇာတ်ကို တခန်းရပ်ဖို့ အဝေးတဖက်ကို ပြေးထွက်ခဲ့ပေမယ့် မသိစိတ်တွေက တမ်းတနေလေတော့ ဝေဒနာအကြွင်းကျန် တွေနဲ့ ဘ၀ကိုတင်းခံနေခံရတာပါ ဒီလိုနဲ့ မဖြေသာတဲ့ ၀ဒနာတွေကို အချိန်တွေနဲ့ ကုစား မနက်ဖြန်ရဲ့ နေ့များစွာမှာ ရွေ့သွားနေတဲ့ တိမ်တိုက်တစ်ခုလို လွတ်လပ်စွာ လွင့်မျော နေချင်ခဲ့တယ်လေ....
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago