Pages

Subscribe:
လာရောက်သူအပေါင်း ချမ်းသာကြောင်း ဆုတောင်းမိပါသည်... ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လိုတိုင်းတလို့ မှန်းတိုင်းရပါစေ...

Sunday, 22 January 2012

ပြောင်းလဲမှု

သက္ကရာဇ်တွေ ပြန်တွက်စစ်ရင် ဆယ်စုနှစ် သုံးခုလောက်မျှရှိဦးမည်  အရာရာပြောင်းလည်းသွား သည်ကား မြန်ဆန်လွန်းသည် ဟုထင်ရသည် ဟိုတစ်ချိန်တုန်းက သီတင်းကျွတ် သင်္ကြန်ကာလ ၀ါဆိုလ ဒီလိုအခါကြီး ရက်ကြီးတွေမှာ တိုက်နယ်ရှိ ဘုန်းကြီးကျောင်းများကုန်အောင် ကျောင်းတက် ကန်တော့လှည့်လည်ကြ ဆွေမျိုးများသို့ သွားရောက် ကန်တော့ကြ ရွာမှာရှိတဲ့ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကို ညအခါမှာသွားရောက်ကန်တော့ကြတာ ညအခါမှာ ထိန်ထိန်သာတဲ့ လမင်းကြီးကလည်း လမ်းပြပေးလို့ပေါ့ ချမ်းလို့တယ်ပြောလို့ ကျနော့အစ်ကိုအစ်မတွေက နွေးလာအောင် ပြေးလိုက်တဲ့ ကျနော်လည်း   ပြေးတာပေါ့ ပျော်လိုက်တာ အရမ်းပဲ သွားရောက်ကန်တော့တဲ့ အိမ်တွေကလည်း ဂျင်းသုပ် လ္ဘက်သုပ် ပဲကြော်တွေနဲ့ အိမ်တိုင်း ဧည့်ခံကြတယ်လေ ဒါကိုသဘောကျဆုံးပဲ စားလိုက်တာပိုက်တင်းနေတာပဲ ထမင်းစားခိုက်ကြုံလို့ခေါ်ရင်တောင် ရင်းနီးခင်မင်မှုတွေကို အားကိုးပြီး ကြုံတုန်းကို ၀င်ကြိတ်လိုက်
သေးတယ် မတိုးတက်သေးတဲ့ တော့ဓလေ့တွေမှာ ဟင်းကောင်းဆိုတာ အခါကြီး ရက်ကြီးတွေမှာ ဆွမ်းပို့ ရန်အတွက်ရည်စူးပြီးဝယ်ချက်ကြပါတယ် အသားတွေစားဖို့ဆိုတာ အတော်လေးဝေးကွာလွန်းပါတယ် ရွာမှာရှိတဲ့လူတွေကလည်း စည်းလုံးကြ ချစ်ခင်ကြ ကူညီကြ ရိုင်းပင်းကြလို့ပေါ့ တရွာလုံးမှ ၁၄လက်မ TV အဖြူအမည်း ၁လုံးပဲရှိသည် ဒါတောင်ဘက္ထရီကို ဟို၂မိုင်လောက်မှာရှိတဲ့ နေရာကိုသွားပြီးသွင်းရတယ် ကြည့်ရင်းနဲ့ ဘက္ထရီကုန်သွားတဲ့အခါတွေကတော့ မရေတွက်နိုင်အောင် များလွန်းပါတယ်ပက်ဆံတစ်မတ်ပေးပြီးကြည့်ခဲ့ကြရတာပါ ညနေစာဆိုရင် တစ်ရွာလုံးကို ထမင်းပန်းကန်း ကိုင်ပြီး ဟင်းကောင်းတဲ့ နေရာ ဒါမှမဟုတ် ခင်မင်ရာအိမ်တွေမှာ လိုက်စားကြတယ်လေ ညည လသာတဲ့အခါမှာ လိုက်တမ်း ပြေးတမ်း ပုန်းတမ်း ရှာတမ်းကစားခဲ့ကြတာ ရွာမှာရှိတဲ့ ကလေးအားလုံးပါဝင်ကြပြီး ပျော်စရာအကောင်းဆုံးအချိန်တွေရှိခဲ့ကြတယ် ပြန်တွေးမိတိုင်း ပျော်ရွှင်မိသည်ကား လွမ်းစရာတစ်ခုနှယ် ထင်ကျန်ခဲ့လေပြီ...
ဒီနေ့ခေတ် တိုးတက်လာတဲ့ခေတ် မှာ ဘုန်းကြီးကျောင်းတွေကို ကန်တော့သွားရင် နီးစပ်ရာ ရင်းနီးရာ ကိုယ့်ကောစရဂါမ် ကျောင်းတွေကိုပဲ သွားရောက်ကန်တော့ကြ... ရွာမှာရှိတဲ့ အသက်ကြီးပုဂ္ဂိုလ်တွေကို လိုက်ပြီး ကန်တော့ကြသည်ကား အတော်လေးရှားပါးသွားကြသည် အိမ်နီးချင်း နီးကပ်နေတာတောင် မကန်တော့ကြတော့ပါ ထမင်းစားခေါ်သည်ကား ၀တ်တရားအရသာဖြစ်သည် နှစ်နှစ်ကာကာခေါ်သည်ကား နည်းပါးကြသည် ရွာဆိုပေမယ့် ခုလိုတိုးတက်လာတော့အိမ်နီးချင်းက မြို့ဆန်ဆန်နေကြပြီး အသားငါးတွေက  နေ့တိုင်းလိုလိုပင် ရွာတွင်းမှာလာရောက်ရောင်းနေကြသည် အိမ်တိုင်းလိုလို TV တွေရောင်စုံ  DVD /CD ဆိုင်ကယ်တွေ ပိုင်ဆိုကြသည် လျှပ်စစ်မီးတွေလည်း ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့်လင်းလက်နေသည် ဒီလိုတိုးတက်လာတဲ့ခေတ်တွေမှာ လသာညဆိုတာ အရင်ကလိုပျော်စရာမကောင်းတော့ပါဘူး ကလေးတွေလည်း ကျနော်တို့နည်းတူ ပြေးလွှားဆော့ ကစားတာ မတွေ့ရတော့ပါ ဘာဖြစ်လို့လည်းဆိုတော့ တရွာလုံး တမျိုးလုံး တဆွေလုံး ညီညွတ်ကြဖို့ ကူညီကြဖို့ ရိုင်းပင်းကြဖို့ မဆိုထားနဲ့ ညီအစ်ကို မောင်နှမအချင်းချင်းတောင် လူကြီး မိဘတွေ သဟဇာတ မဖြစ်ကြတော့ ကလေးတွေကလည်  အချင်းချင်းပျော်ရွှင်စွာ အားလုံးညီညီညွတ်ညွတ်နဲ့ မကစားနိုင်တော့ဘူးပေါ့... မာနကိုယ်စီနဲ့ တိုးတက်တဲ့ခေတ်တွေဆီကို ချီတက်ခဲ့ကြပြီလေ  စိတ်ဓာတ်တွေကား ခြေ ဖ၀ါးအောက်ရောက်လို့ ရောက်မှန်းမသိ ဘယ်သူကို အပြစ်ဆိုရမလည်း ခေတ်ကိုပဲ အပြစ်ဆိုရမလား.... ပျော်စရာဆိုတာ ဖန်းတီးယူလို့တောင်မရနိုင်တော့တဲ့ ပတ်ဝန်းကျင်တွေကြားမှာ ကိုယ်ချင်းစာတရားတွေလည်း မရှိသလောက် ကိုနည်းပါးသွားပြီလေ ခေတ်က တိုးတက်လာလေ လိုချင်လာလေပေါ့ ဒီတော့ရှေ့ဆက်ပြီးလည်း တိုးတက်လာဦးမှာပါ ပိုပြီးလည်းတစ်ခုပြီးတစ်ခုလိုချင်လာကြတာပါ ဒီလိုတိုးတက်လေလေ လိုချင်လေလေ ဆိုတဲ့ လောဘ၊ သူတစ်ပါး ချမ်းသာတာကို မုဒိတာမပွား မေတ္တာမထားနိုင်တော့ မနာလိုဝန်တိုမှုဆိုတဲ့ ဒေါသ ၊ လိုချင်နေတဲ့ လောဘ ၊ စိတ်ဆိုးခြင်း မနာလိုဝန်တိုမှုဖြစ်ခြင်းဆိုတဲ့ဒေါသ ၊ အဲဒီ လောဘ ဒေါသတွေကို မသိခြင်းဆိုတဲ့ အ၀ိဇ္ဇာ မောဟတရားတွေက ခေတ်နဲ့တပြေးညီတိုးတက်လာတော့ အနာဂါတ်ဆိုတာ တကယ့်ကိုလွမ်းစရာမရှိတဲ့ လောကအိမ်မက်တစ်ခုလို ဖြစ်သွားကြမှာပါ ကျနော်တိုးတိတ်စွာတောင်းတ နေမိ သည့် အချက်က ခေတ်နဲ့တပြေးညီ ကိုယ်ချင်းစာတရား မေတ္တာတရားတွေ တိုးတက်လာရင် ဘယ်လောက် ကောင်းမလည်းလို့ပေါ့.....