ကျနော်စာရေးတတ်ချင်သည် ဘာကြောင့်လည်းဆိုတော့ “အလိမ်မာ စာမှာရှိတဲ့”ဆိုဆုံးမစကားက
လူတစ်ယောက်လိမ်မာရေးခြားရှိဖို့ စာပေကအဓိကကျသလို ရိုင်းစိုင်းတဲ့ဘ၀တစ်ခုကို ယဉ်ကျေးသွားအောင် စွမ်းဆောင်နိုင်တာလည်း စာပေရဲ့တန်ခိုးတွေပဲ စာပေမပါတဲ့ဘ၀ရဲ့ခရီးဟာ အင်မတန် ငြီးငွေ့စရာကောင်းသလို အနာဂတ်အတွက်ဝမ်းမြောက်စရာလည်း မရှိပါဘူး ဒီလိုအကြောင်းတွေကြောင့် စာရေးတတ်ချင်သည် တချို့ကပြောတယ် “ရေးတတ်ချင်ရင် များများရေး ၊ ပြောတတ်ချင်ရင် များများပြော”လို့ကြားဖူးတယ် ဒါကြောင့်များများရေးရမယ် မရေးတတ်လို့ မရေးဘူးလို့နေလိုက်ရင် ဘယ်တော့သူ့ဘာသူ တတ်လာမှာတဲ့လည်း...ဘယ်ကလေးကများ တတ်ပြီးသားမွေးလာတာ ရှိလို့လည်း.. ဒီလိုပဲ သင်ရင်းနဲ့တတ်သွားကြတာပဲမဟုတ်လား မျိုးရိုးဗီဇ ရှိမှဖြစ်မှာပါ လို့ပြောချင်တယ်ဆိုရင် သိပ္ပံပညာရှင် အိုင်းစတိုင်း ကိုမေ့ထားလို့မရဘူးဆိုတာကိုတော့ ထောက်ပြလိုက်ချင်တယ် .. ဆိုရိုးစကားရှိတယ်လေ
“ သီဟမည်ခေါ် ခြင်္သေ့သော်လည်း အိပ်ပျော်လျက်သာ နေတုံပါမူ ဘယ်မှာစားဘွယ် ခံတွင်းလယ်သို့ သားငယ်သမင် လာ၍၀င်အံ့” တဲ့ ကောင်းလိုက်တဲ့အဆို ဟုတ်တယ်လေ သားတကာတို့ရဲ့မင်း တောတကာတို့ရဲ့ဘုရင်ဖြစ်တဲ့ ခြင်္သေ့ကြီးတောင်မှ အစာစားချင်လျင် လိုက်ဖမ်းပြီး စားရတာပဲမလား သားသမင်တွေက အလိုလိုသူ့ခံတွင်းမှာ လာပြီးလည်စင်းခံမတဲ့လား အိုး No ဘယ်လိုမှ မဖြစ်နိုင်ဘူး နောက်အဆိုတစ်ခုက “သံကောင်းသည့်ဓား ဖြစ်တုံငြားလည်း ကျောက်သားထက်တွင် မပြုပြင်က သံပင်ကောင်းလျက် ဓားမထက်ဘူး”တဲ့ ဘယ်လောက်သံကောင်းတဲ့ဓား ဖြစ်နေပါစေ ကျောက်သားထက်မှာ မပွတ်တိုက် မသွေးပဲနဲ့တော့ထက်မှာ မဟုတ်ဘူး ဒါကြောင့်တို့တတွေလည်း ဘောလ်ပင် ကိုင်တဲ့လက်တွေကို စာမျက်နှာထက်မှာ များများသွေး ရပါဦးမယ် အခြေခံဆိုတာ တကယ်တော့အရေးကြီးဆုံး Foundation တစ်ခုပါ ဝေဟင်မှာပျံသန်းသွားနေတဲ့ လေယာဉ်တွေတောင်မှ မြေပြင်ကစခဲ့ကြရတာလူတိုင်းအသိဘဲ မူလတန်းက အရေးမပါဘူးဆိုရင် ဆယ်တန်း ဒါမှမဟုတ် တက္ကသိုလ်ဆိုတာကို အဲဒီမူလတန်းမအောင်မြင်ခဲ့လျင် တက်ခွင့် ရပါ့မလား.. တကယ်တော့ကြိုးစားခြင်းဆိုတာ အောင်မြင်ခြင်းရဲ့ဘခင်ပါ ဥပမာပြောရရင် ပတ္တမြားထွက်တဲ့တောင်မှာ အဲဒီပတ္တမြားကိုယ်တိုင်က ဒီလူကိုသာရစေ ဟိုလူကိုသာရစေဆိုတဲ့ ဘက်လိုက်တဲ့သဘောတရားမရှိပါဘူး ဇွဲကောင်းကောင်းနဲ့တူးတဲ့သူပဲ ရသွားကြမှာပါ ဒါဟာသဘာဝဘဲ နောက်ပြီးပတ္တမြားထွက်တဲ့တာင်ကို
ရောက်နေကြတဲ့သူတွေဟာလည်း ဘာမှမဟုတ်တဲ့ ကျောက်ဖြုန်းလေးတွေနဲ့ ကျေနပ်မနေသင့် မလှည့်ပြန်သင့်ဘူး(မကြိုးစားဘဲနဲ့တော့ဘာမှလွယ်လွယ်မရ နိုင်ဘူးဆိုတာကို ကြိုသိတားသင့်ပါတယ်.. တကယ်လို့ရရှိခဲ့မယ်ဆိုရင်တောင် ရေရှည်မခံသလို အစစ်အမှန်လည်းမဟုတ် ပါဘူး) မြန်မာစကားပုံက
ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တာ ကိုယ်ကိုယ်တိုင် ကြိုးစားခွင့် ဖြစ်ခွင့်ရှိတယ်ဆိုတာတော့ အသေအချာပါပဲ... လောကကြီးမှာ သင်ပိုင်ဆိုင်ချင်တာတွေ ကြိုးစားမှုနဲ့ရယူနိုင်ပါစေဗျာ..

မဖြစ်ဘူးဆိုတာမရှိဘူး မဖြစ်သေးတာပဲရှိတယ်
ပြင်သစ်အဆိုအမိန့်က မဖြစ်နိုင်ဘူးဆိုတာဟာ ပြင်သစ်ဝေါဟာရမှာမရှိဘူးတဲ့...ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တာ ကိုယ်ကိုယ်တိုင် ကြိုးစားခွင့် ဖြစ်ခွင့်ရှိတယ်ဆိုတာတော့ အသေအချာပါပဲ... လောကကြီးမှာ သင်ပိုင်ဆိုင်ချင်တာတွေ ကြိုးစားမှုနဲ့ရယူနိုင်ပါစေဗျာ..