ဇာတ်လမ်းက ပြီးသွားပါပြီ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့လမ်းခွဲလိုက်ကြပြီလေ....တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ကွဲကွာနေခဲ့တာ မဆုံဖြစ်တာကြာခဲ့ပြီ ခံစားချက်နဲ့ပြောရင်တော့ ပိတောက်နဲ့ချယ်ရီ မဟုတ်ပေမယ့် တစ်ယောက်တနယ်စီ ဝေးကွာသွားခဲ့တာ ဆယ်စုနှစ်တို့ အိုဟောင်းခဲ့ပြီလေ ခုတော့ သူတို့ဘ၀တွေကအရာရာ အသစ်ကနေပြန်စဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေက ဟန့်တားနေခဲ့ပြီ....
ပြန်တွေ့တော့ သူတို့ဘ၀ရဲ့အိမ်ထောင်ရေးအကြောင်းကို မေးမြန်းဖြစ်တယ် လမ်းခွဲခဲ့ကြပြီတဲ့လေ... သူတို့အိမ်ထောင်ကျတော့ သူတို့အသက်က ၁၇ နှစ်သာသာပဲရှိသေးတယ် ငယ်ရွယ်သူတို့ရဲ့အချစ်တွေက ရာသက်ပန်တည်မြဲဖို့ဆိုတာ အတော်လေးကို မလွယ်တဲ့အရာပါ ဘာကြောင့်လည်းဆိုတော့ ခဏအတွင်းမှာသဘောကျအောင်ပြောဆိုမှုစတဲ့ မွန်နေတဲ့ချစ်စိတ် တစ်ခုတည်းနဲ့ စဉ်းစားမှုမပါဘဲ အိမ်ထောင်ပြုသွားကြလို့ပဲ...
မြန်မာပြည်မှာ တောရွာတွေမှာရော ဖြစ်ပျက်နေကြတဲ့ အိမ်ထောင်ပြုဇာတ်လမ်း တစ်ခုပါ လမ်းမှာတွေ့

ချစ်ရေးဆို ခုကြိုက် ခုလိုက်ပြီးတော့တစ်လ နှစ်လကြာတော့ ပြန်ကွဲကြ မိဘတွေကဘယ်လိုစိတ်ချမ်းသာ
မှုတွေရရှိနိုင်မှာတဲ့လည်း ...
ဒါတွေက ရာဂသက်သက်နဲ့ အိမ်ထောင်ပြုတာပါ တကယ်ချစ်တယ်ဆိုတာကို ဘာတွေနဲ့သက်သေပြမလဲ...
လူတကာသုံးနေတဲ့ အချစ်ဆိုတဲ့စကားလုံးတွေမှာ လျှို့ဝှက်ချက်တွေ နဲ့ပြည့်နှက်နေတယ်ဆိုတာ မသိကြလေတော့ အချစ်ဆိုတာကို မုန်ဝါးဝါး အတွေးတွေနဲ့ လိုသလိုဆွဲကောက်ချက်ချကြတယ်လေ တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ဘ၀အတွက်အဖေါ်မွန်ရှာတာပါပဲ ရေရှည်မှာ မောင်နှမရင်း ချာလို ချစ်တတ်ဖို့ အချင်းချင်းအပြန်အလှန်လေးစားမှု နားလည်မှုတွေဟာ ရာသက်ပန် မရှိမဖြစ်
လိုအပ်တဲ့ အိမ်ထောင်ဘ၀ရဲ့ တန်ဆာပလာတစ်ခုဖြစ်တယ်ဆိုတာ စဉ်းစားတွေးခေါ်ပြီး လုပ်ရတဲ့ မနုဿကိစ္စ တစ်မျိုးပါ ...
ညားကြပြီးရင် အရင်ကလို သမီးရည်းစားဘ၀တုန်းကလို ချစ်ကြမတဲ့လား မဖြစ်နိုင်ပါဘူး ဒီတော့တူနှစ်ကိုယ်ဘ၀ နဲ့ နှစ်ကိုယ်တစ်စိတ်မရတော့ပါဘူး မောင်နှမရင်းချာလို မေတ္တာမျိုးနဲ့နေထိုင်မှ

ဘ၀က ငြိမ်းချမ်း စိုပြေမှာပါ...
တကယ်တော့ ဘ၀ဆိုတာ နေတတ်ရင်ကျေနပ်စရာပါ အခက်ခဲဆိုတာဟာလည်း တကယ်တော့ကြောက်စရာမဟုတ်ပါဘူး ဘ၀နဲ့တွန်တွဲပါလာတဲ့ ဒုတိယအဖေါ်မွန်ပါပဲ ....
အဲ...တစ်ခုတော့ရှိတယ်ဗျ သိပ်မကြာပဘူး ခုတော့ ကျနော့်သူငယ်ချင်းတို့က ပြန်ပေါင်းသင်းသွားကြပြီလေ သူတို့အတွဲကို ကြည့်ရင်း သင်္ခန်းစာယူမိတယ် “ တတ်လည်း တတ်နိုင်ပါပေရဲ့”ဗျာ...တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ဦးနှောက် ကိစ္စပါ နှလုံးသားက လက်ညိုးထိုးပြယုံသက်သက်ပါပဲ ....