Pages

Subscribe:
လာရောက်သူအပေါင်း ချမ်းသာကြောင်း ဆုတောင်းမိပါသည်... ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လိုတိုင်းတလို့ မှန်းတိုင်းရပါစေ...

Sunday, 15 April 2012

၇၃-သင်္ကြန်အကျနေ့


 
ဒီနေ့ သင်္ကြန်ကျတဲ့ ၁၃၇၃-ခုနှစ်ရဲ့နှုတ်ဆက်လမ်းခွဲမယ့် သုံးရာ့ခြောက်ဆယ့်ငါးရက်ထည်းက
၁ရက်အပါအ၀င်ပေါ့ ဘာမှမကြာလိုက်သလိုနဲ့ အချိန်တွေနဲ့နာရီတွေက အသက်ကြီးအောင်
တွန်းပို့လိုက်တာပါ ဒီလိုနဲ့မနှစ်က ငါဟာ ဒီနှစ်ငါမဟုတ်တော့ဘူးလို့ သိလိုက်ရတယ်
ကျော်ဖြတ်လာခဲ့တဲ့အချိန်တွေကို ပြန်ပြီးခြေရာ ကောက်ကြည့်လိုက်တော့ ခြေရာတွေက
ဦးတည်ချက်မဲ့နေတာကိုပဲတွေ့ရတယ် နှမျောလိုက်တာဗျာ ဘယ်လိုပြန်ယူရမလည်း...
ဒီလိုနဲ့ မနက်ဖြန်ပေါင်းများစွာ နှစ်သစ်ပေါင်းများစွာကိုလည်း တစတစကျော်လွန်လာခဲ့ပြီ
အတိတ်တွေကို ပြန်တွေးမိတိုင်း အားမရ ၀မ်းမမြောက်နိုင်ခဲ့ပါဘူး နောက်နှစ်ဒီအချိန်မှာကော
ငါမျော်လင့်တဲ့ အနေထားတိုင်းဖြစ်လာမှာတဲ့လား ဘ၀ကိုရော အားရကျေနပ်နိုင်မတဲ့လား
....ဆိုတာက ကိုယ့်ကိုတိုင် အကြိမ်များစွာပြန်မေးမိတဲ့ မေးခွန်းတစ်ပုဒ်ပါ...
ပညာရှင်တွေပြောတဲ့စကားကို သွားပြီးကြားရောင်မိတယ်လေ အတိတ်ကိုလည်း လွမ်းမနေနဲ့
အနာဂတ်ကိုလည်း ကြိုပြီး စိတ်ကူးယဉ်မနေနဲ့ ပစ္စုပ္ပန်ဟာ မင်းအတွက်အကောင်းဆုံးပဲ...တဲ့လေ
(မှန်တာပေါ့)
TODAY is the day to say YES. Anything is possible for those who believe. တဲ့
ကျနော်လည်း ပြန်ပြောလိုက်တယ် I will try better then that year. ဒီအချိန်မှာ
စိတ်ညစ်စရာတွေတွေးနေမယ့်အစား နှစ်သစ်မှာ ဘာတွေကို ဘယ်လိုကောင်းအောင်လုပ်ရမလည်း
ဘ၀ကိုအောင်မြင်မှုရအောင် ဘယ်လိုစွမ်းဆောင်နိုင်ရမလည်း ဆိုတဲ့ possitive အတွေးတွေနဲ့
ကျနော်ရင်ခုန်နေမိတယ်
Success is not money. ဆိုတာကိုလည်းလက်ခံထားရမယ်လေ လူတစ်ယောက်ဟာ
ပတ်ဝန်းကျင်ကြားမှာ ဘယ်လောက်ချမ်းသာလည်း တနေ့ဘယ်လောက်ဖြုန်းနိုင်လည်း
အခြွေအရံတွေဘယ်လောက်များလည်းဆိုတာ အရေးမကြီးပါဘူး အရေးကြီးတာက ပတ်ဝန်းကျင်လို့
ခေါ်တဲ့လူသားတွေအတွက် ပရဟိတလုပ်ငန်းတွေဘယ်လောက်လုပ်ပေးနိုင်လည်း အများအကျိုး
လူထုအကျိုးဘယ်အတိုင်းအတာထိ လုပ်ပေးနိုင်လည်းဆိုတာပဲအဓိကကျပါတယ်ဗျာ...
All leaders are reader.တဲ့ ကျနော်တို့တတွေ စာများများဖတ်ဖို့လည်းလိုအပ်တယ်နော် ဒါမှလည်း
ကိုယ့်လုပ်ဆောင်ချက်တွေပြီးပြည့်စုံနိုင်မယ်လေ မဟုတ်ရင်တော့ ကွက်လပ်တွေနဲ့ ပြည့်နေဦးမှာပါ