Pages

Subscribe:
လာရောက်သူအပေါင်း ချမ်းသာကြောင်း ဆုတောင်းမိပါသည်... ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လိုတိုင်းတလို့ မှန်းတိုင်းရပါစေ...

Monday, 28 November 2011

မျော်လင့်ချက်

မျော်လင့်ချက်တွေ ဆက်လက်တည်ရှိနေသေးတယ်ဆိုရင် ဘ၀ဟာလည်းရှင်သန်နေတုန်းပဲ အရာရာကိုမျော်လင့် ချက်ထားဖို့လိုတယ် ဒါပေမယ့်စွဲလမ်းတပ်မက်ခြင်းလို့ခေါ်တဲ့ ရာဂတော့မဖြစ်စေနဲ့ဘ၀ကိုခါးသီးစွာရင်ဆိုင်ဖူး တဲ့သူအတွက် အောင်မြင်ခြင်းဟာလည်း
အရာအားလုံးထက်ချိုမြိန်တယ်ဆိုတာ ကြုံဖူးသူများသိကြပါလိမ့်မယ် ရည်မှန်းချက်တွေ
မျော်လင့်ချက်တွေဟာ လူတိုင်းမှာရှိနေကြတာပါ ဒါပေမယ့် ဖြူစင်တဲ့ရည်မှန်းချက်တွေ
ဖြစ် ဖို့တော့လိုလိုက်မယ် ဘ၀မှာဖြတ်သန်းနေရတဲ့နေ့ရက်တွေက ဘာမှမဟုတ်ပေမယ့် ကြာလာတဲ့အခါမှာ
ပြန်မရနိုင်တဲ့အတိတ်ထုထည်ကြီးတစ်ခုအဖြစ်ကျန်နေခဲ့တာပါကုန်ဆုံးသွားတဲ့အတိတ်ကို ပြန်တမ်းတနေမယ့် အစား လက်ကျန်အနာဂတ်ကို မျော်လင့်ချက်အပြည့်နဲ့ဘ၀ရဲ့ပစ္စုပ္ပန်ဆိုတဲ့ စက္ကန့်တွေတိုင်းမှာအကျိုး
ရှိအောင်လုပ်သွားနိုင်မယ်ဆိုရင်အတိတ်ဆိုတာနမျောတသစရာမဟုတ်သလို နောင်တရနေဖို့လည်းမလိုပါဘူး
ဘ၀ဆိုတာ အကောင်းအဆိုးဒွန်တွဲနေတာပဲ ဒါပေမယ့်အဆိုးကများနေတတ်တယ်ဘာကြောင့်လည်းဆိုတော့
မြတ်စွာဘုရားရှင်ဟောတော်မူခဲ့တာလေ “ ပါပ သ္မိံ ရမတိ မနော” တဲ့ စိတ်ဆိုတာ မကောင်းမှုအားလုံးမှာ  
ပျော်မွေ့တယ်တဲ့ ဟုတ်တာပေါ့ လူတစ်ယောက်ကို မကောင်းမှုလုပ်ဖို့ခေါ်ကြည့်ပါ အမြန်ဆုံးလာပါလိမ့် မယ် အဲ.. ..ကောင်းမှုလုပ်မယ်ဆိုရင်တော့ ဆောရီးပဲလို့ မပြောရင်တောင်ကံကောင်းတယ်မှတ် ဒါကြောင့်လည်း လူတွေက အတိတ်ကိုပြန်တွေးမိတဲ့အခါတိုင်း ၀မ်းနည်းပူဆွေးနေကြရတာပါ တကယ်လို့ အဲဒီလိုမပူဆွေးချင် ဘူးဆိုလျင်တော့ ခုကတည်းက သတိကပ်ပြီးမကောင်းမှုတွေ မတွေးနဲ့ မကြံနဲ့ မပြုနဲ့ လို့သတိပေးလိုက်ချင် ပါတယ်