Pages

Subscribe:
လာရောက်သူအပေါင်း ချမ်းသာကြောင်း ဆုတောင်းမိပါသည်... ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လိုတိုင်းတလို့ မှန်းတိုင်းရပါစေ...

Friday, 30 December 2011

ချစ်တတ်ပါစေ

“ချစ်”ဆိုတဲ့စကားလုံးက လူသားတွေရဲ့နုတ်ဖျားမှာ ရေဗန်းစားနေတဲ့ Popular word တစ်ခုပါ ဘယ်နိုင်ငံ ဘယ်လူမျိုးတွေပဲ ဖြစ်ဖြစ် ဝေါဟာရသာကွာခြားမယ် အဓိပ္ပါယ်တွေကတူနေကြတာပါ ဒီတော့ အဲဒီများစွာသော အချစ်တွေထဲမှာ မျိုးချစ်စိတ်ဆိုတဲ့အရာလည်း တစ်ခုအပါအ၀င်ပဲမဟုတ်ပါလား ကိုယ့်လူမျိုး ကိုယ်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်နိုင်ငံဆိုတာတွေဟာ တကယ်တော့မေ့ထားလို့မရတဲ့ အရာတွေပါ ဒီလိုမျိုးချစ်စိတ်ရှိတာကို အတ္တကြီးတယ်လို့ မယူဆနိုင်ပါဘူး ဒါဟာခိုင်မာတဲ့စိတ်ဓာတ်နဲ့တည်ဆောက်ထားတာပဲ ဖြစ်ပါတယ် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ဓလေ ကိုယ့်နိုင်ငံတွေကို ကိုယ့် ကိုယ်တိုင်မချစ်ရင် ဘယ်သူလာချစ်မှာလည်း.. ဘယ်နေရာ ဘယ်ဌာနက ဘယ်လောက်ပဲကောင်းကောင်း တကယ်တော့ မိခင်ရဲ့ရင်ခွင်လောက် မအေးချမ်း နိုင်ဘူးဆိုတာ အားလုံးအသိပါ တချို့တချို့လူတွေက တလွဲဆံပင်ကောင်းနေတတ်ကြပါတယ် ဘာကြောင့်လည်းဆိုတော့ ညီအစ်ကို မောင်နှမချင်းကြတော့ မချစ်ခင် မကူညီ မစောင့်ရှောက်ကြဘူး ဒါဟာ အင်မတန်မှားယွင်းတဲ့ အရာတစ်ခုပါ ကိုယ်နဲ့သွေးသားတော်စပ်တဲ့သူတစ်ယောက်ယောက် နာမကျန်းဖြစ်နေတဲ့အခါ ပြုစုစောင့်ရှောက်ဖို့ တတ်နိုင်တဲ့ငွေကြေးတွေနဲ့ကူညီပေးဖို့ မဆိုထားနဲ့ သွားပြီးအားပေးစကား ပြောဖို့ကိုတောင်မေ့နေတတ်တယ် သိပေမယ့်လည်း မသိဟန်ဆောင်နေတတ်တဲ့သူတွေ လောကမှာအများကြီးရှိနေခြင်းဟာ လူသားတွေအတွက်ဝမ်းနည်းစရာ တစ်ခုပါ ဘ၀ကိုအကောင်းဆုံးနေထိုင်သွားတတ်ဖို့အတွက် အနာဂတ်မှာတွေးမိတိုင်းပျော်ရွှင်နိုင်ဖို့အတွက် ဒီလိုအသေးအဖွဲလောက၀တ် တွေကို ကျင့်သုံးသွားရင် ဘယ်လောက်ဂုဏ်ယူစရာကောင်းလိမ့်မလည်း... တကယ်တော့ ဘ၀ဆိုတာခဏလေးရယ်ပါ ပညာရှိတွေက လူဘ၀ကို “ သမုဒ္ဒရာထက် ခဏ တက်သည့် ရေဗွက်ပမာ ” လို့တောင်မိန်ဆိုခဲ့ကြတာပါ ဒီလိုတိုတောင်းတဲ့ဘ၀စာမျက်နှာတွေမှာ မျိုးကိုချစ်တတ်တဲ့စိတ်တွေနဲ့ လောကကြီးတစ်ခုလုံးကို အလင်းရောင်ပေးပြီး အစဉ်လှပလို့နေအောင် ငါတို့လူသားအားလုံးက အသိတရားတွေနဲ့အရောင်ချယ်ကြမယ် ပြီးတော့အဲဒီလှပတဲ့ဘ၀စာမျက်နှာထက်မှာလည်း ဖျက်ရာအမည်းစက် တွေမကျန်ရအောင် စဉ်းစားဉာဏ် အပြည့်နဲ့ ဆက်လက်ချယ်မှုန်းသွားနိုင်မယ်ဆိုရင် ဘ၀ဟာ တိုတောင်းပေမယ့် ကျေနပ်ကာ ပျော်ရွှင်ရမှာပါ...

Sunday, 18 December 2011

ဆောင်းမနက်ခင်း

မြူခိုးတွေလွှမ်းခြုံနေသည့် ဆောင်းမနက်ခင်းကို အရသာခံသောအကြည့်တွေနဲ့မကြည့်နိုင်တဲ့ India ရဲ့ဒီလိုအေးအးစက်စက် ဆောင်းလအတွင်းမှာ နှင်းငွေတွေဝေနေပေမယ့် ချယ်ရီတွေတော့ ရှိမနေခဲ့ဘူး အခန်းတံခါးလုံအောင်ပိတ်ပြီး ကွန်ပျူတာနှိပ်နေချင်သော်လည်း မီးကပျက် Chat မယ်လုပ်ပြန်တော့ ကိုယ်ရယ် မြန်မာအိုက်ချိုင်းရယ် ပြီးတော့ အင်္ဂလိပ်အဘိဓာန်ရယ် ဒါပဲလိုင်းပေါ်မှာရှိနေခဲ့တယ်
နောက်ဆုံးတော့ကိုယ်အမြဲတမ်းကျက်စားနေတဲ့ အတွေးနယ်သို့ ရောက်သွားပါတော့တယ် ( ဆောင်း )
ဒီလိုအချိန်ဆိုရင် ရှမ်းရိုးမတောင်တန်းတွေက မြူခိုးတွေ အုံဆိုင်းပြီး ဆီးနှင်းတွေလည်းကျနေမယ် ငှက်ကလေးတွေတောင် ငြိမ်သက်စွာတေးသီနေမယ် ဘ၀အတွက် စားဝတ်နေရေးကတစ်ဘက် အခြားခြားသောလောကီအရေးတွေနဲ့ ဘ၀မှာငြိမ်နေလို့မရတဲ့အခြေအနေတွေက လူသားတွေကို အလုပ်ဆင်းဖို့ခိုင်းစေနေရဲ့ ဘယ်သူလွန်ဆန်နိုင်မှာလည်း ကျရာအလုပ် လုပ်ရမှာပဲလေ ဒီလိုနဲ့ပဲ ဘ၀တွေ ကြီးပျင်းလာခဲ့တယ် ဒီတော့ဘ၀တစ်ခုကို သားရေး သမီးရေး စီးပွားရေး ပညာရေးတွေနဲ့သာ
အချိန်ကုန်နေတတ်တဲ့လူသားတွေအဖို့ သံသရာရိက္ခာတွေကို ဘယ်လိုများသယ်ဆောင်သွားကြမလဲ... 
ဘ၀တစ်ခုကို ဒီလိုနဲ့ဘဲ အချိန်တွေကုန်သွားစေမလား? ရိုးသားမှုတွေနဲ့အတူ ဘ၀ကိုချိနဲ့စွာရှင်သန်ရင်း လွတ်လပ်ခြင်းတွေက အရာရာကို မပေးစွမ်းနိုင်ခဲ့ လင်းလက်တဲ့ဘ၀တစ်ခုအတွက် အောင်မြင်ခြင်းတွေကို ဘယ်လိုသယ်ဆောင်ကြမလဲ?..စသည်အတွေးတွေနဲ့ ကျနော်နာရီတွေကို မေ့လျှော့နေခဲ့တယ် ကိုယ်လည်း ဘ၀အတွက်ဘာတွေပြင်ဆင်ပြီးပြီလဲပေါ့ အနာဂတ်နေ့ရက်တွေကို စိတ်ကူးတွေနဲ့ကျနော်ပုံဖေါ်နေခဲ့တယ် ဒီလိုနဲ့ဘဲဆောင်းမနက်ခင်းတစ်ခုကို ကျနော်ဖြတ်သန်းခဲ့ရတယ်....ရင်ထဲမှာတော့ စိုင်းထီးဆိုင်ရဲ့ ချမ်းတယ် ချမ်းတယ် မေးခိုက်ခိုက်တုန်အောင် ... စောင်နဲ့ခြုံတောင်မလုံဘူးအချစ်ရယ် ... မင်းကိုယ်ငွေ့နဲ့ထွေးပါမှ ...ကိုယ်နွေးမယ်ထင်တော့တယ် ကိုယ်နွေးနိုင်မယ် ...ဆိုတဲ့စာသားတွေကို ကိုယ်တိုင်မကြားနိုင်အောင်
နှလုံးသားက တိတ်ဆိတ်စွာ သီဆိုနေလေရဲ့...